ကိုကိုးကျွန်းမြို့နယ်မှလွဲ၍ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အားလုံး ဧပြီလ ၁၈ ရက်နေ့မှစတင်ပြီး ည ၁၀ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဧပြီလ ၁၇ ရက်နေ့တွင် အမိန့်ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။
COVID-19 သည် မတ်လ ၂၃ ရက်နေ့မှ စတင်ကာ မြန်မာနိုင်ငံသို့ ကူးစက်ပြန့်ပွားခဲ့ပြီး ယနေ့အထိ မြန်မာတစ်နိုင်ငံလုံးတွင် ရောဂါကူးစက်ခံရသူ ၉၄ ဦးနှင့် သေဆုံးသူ ၅ ဦး ရှိပြီ ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ဗိုလ်တထောင်မြို့နယ်၊ အင်းစိန်မြို့နယ်၊ မင်္ဂလာတောင်ညွန့် မြို့နယ်၊ အလုံမြို့နယ်၊ စမ်းချောင်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ တာမွေမြို့နယ်၊ မရမ်းကုန်း မြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ လှည်းကူးမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ စုစုပေါင်း (၁၇) မြို့နယ်တွင် (၆၈)ဦး ကူးစက်ခံထားရပြီး (၃) ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် အများပြည်သူတို့၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများကို ထိခိုက်စေသည့်အပြင် အသက်သေဆုံးသည်အထိ ဖြစ်ပွားလာနိုင်သဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အမိန့်ကြေငြာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသား အဆင့် ဗဟိုကော်မတီ၏ (၁၇.၄.၂၀၂၀) ရက်စွဲပါစာအမှတ်၊ ၂၉၉ / ၂၆၄ / COVID-19 / ကော်မတီ ၂၀၂၀ ဖြင့် ထုတ်ပြန်ထားသည်။
Su Mon Oo ( Mine )