Health Careers & Jobs

သင်္ကြန်ပိတ်ရက် ( ၁၀ ) ရက်အတွင်း အိမ်အပြင်မထွက်ကြရန် အမိန့်ထုတ်

Read 4979 times

သင်္ကြန်ရုံးပိတ်ရက် ကာလများဖြစ်သည့် ဧပြီလ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ မဖြစ်မနေ ဆောင်ရွက်ရမည့် ကျန်းမာရေးကိစ္စရပ်များနှင့် အစားအသောက် ဝယ်ယူရေး ကိစ္စရပ်များမှအပ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုရန် ကြပ်မတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကူညီထောက်ပံ့ရေး လုပ်ငန်းစဉ်များတွင် ပါဝင် ဆောင်ရွက်နေသူများမှလွဲ၍ ကျန်ပြည်သူများအနေဖြင့် လိုက်နာရမည် ဖြစ်သည်။

ထိုသို့ ထုတ်ပြန်ရခြင်းသည် ပြည်သူများအနေဖြင့် မိမိနေအိမ်တွင် မိမိ နေထိုင်ခြင်းဖြင့်  အသွားအလာ ကန့်သတ်ခြင်း အစီအစဉ်နှင့် လုပ်ငန်းများတွင် ပြည်သူများမှ ပူးပေါင်း ပါဝင် ဆောင်ရွက်စေရေး၊ သံသယလူနာများနှင့် ထိတွေ့မှုရှိသူများကို ဖုံးကွယ်ထားမှု မရှိစေရေး စသည့် အချက်များကြောင့် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အမိန့်စာကို Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ မတ်လ ၂၅ ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သော အစည်းအဝေး ဆုံးဖြတ်ချက်အရ ဧပြီလ ၂ ရက်တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီက ဧပြီ ၂ ရက်နေ့ ရက်စွဲပါ စာအမှတ် ၄/၈-၂ ( ၁၅ )/ ဖြင့် ရန်ကုန်ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးများထံ အကြောင်းကြားခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံသို့ ဧပြီ ၃ ရက်နေ့တွင် အကြောင်းကြားခဲ့သည်။

Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ

Bookmark