Food & Drinks

ကွေ့တီယိုပြုလုပ်နည်း

Read 2975 times

ကွေ့တီယိုကို ကြက်သားနှစ်သက်သူက ကြက်သား၊ ဝက်သားနှစ်သက်သူက ဝက်သား နှစ်သက်ရာဖြင့်ပြုလုပ်နိုင်ပါတယ်။ 

ပါဝင်သည့် ပစ္စည်းများ

ကြက်ရိုး (သို့) ဝက်ရိုး - (၂၀) သားခန့်

ကြက်သွန်ဖြူ -(၄) မွှာ

နံနံပင်အမြစ် - အနည်းငယ်

ငရုတ်ကောင်းစေ့ - အနည်းငယ်

သကြား - စားပွဲတင်ဇွန်း (၁) ဇွန်း

ဆား - အနည်းငယ်

ဂျင်း - လက်တစ်ဆစ်စာခန့် (ဂျင်းနံ့ မကြိုက်လျှင် မထည့်ပါနှင့်)

မုန်လာဥ - ပန်ကန်လုံး တစ်လုံးစာ (ကျောက်ဖယုံသီး လဲ ထည့်သွင်း ချက်ပြုတ်နိုင်ပါသည်)

ဆန်ပြားခေါက်ဆွဲ - (အမျဉ် သေး အကြီး မိမိနှစ်သက်ရာ )

ကန်စွန်းရွက် - အနည်းငယ်

ပဲပင်ပေါက် - အနည်းငယ်

CP အသားလုံး - (ဝက်၊ကြက် ၊ ငါး မိမိနှစ်သက်ရာ)

ပြုလုပ်နည်း

အရိုးများ နူးအိသည့်အထိ အချိန်အတော်ကြာပြုတ်ထားပေးရပါမည်။ နူးအိလာပါက အရည်ကို စစ်၍ ယူပြီးနောက် မုန်လာဥကိုထည့်၍ နောက်ထပ် နာရီဝက်ခန့် ထပ်၍ ပြုတ်ထားပေးလိုက်ပါ။ ဟင်းရည်အိုး အဆင်သင့် ဖြစ်ပြီး ဆိုပါက ဆန်ပြားခေါက်ဆွဲကို ရေနွေးဆူဆူနဲ့ ခဏပြုတ်ပေးပြီး ရေပြန်စစ်ယူလိုက်ပါ။

အသင့် ပြင်ဆင်ထားသော ကန်ဇွန်းရွက်နှင့် ပဲပင်ပေါက်ကိုလဲ အစိမ်းရောင်ကျန်အောင် ရေနွေးဖျောပေးလိုက်ပါ။ ဟင်းရည်အိုးကို အချိန်အတော်ကြာသည်အထိ ထားမည်ဆိုလျှင် CP အသားလုံးများကို သီးသန့်ပြုတ်၍ တစ်ခါထဲစားမည်ဆိုလျှင် ဟင်းရည်အိုးထဲ

ထည့်၍ ချက်ထားနိုင်ပါသည်။ကွေ့တီယိုနှင့် တွဲဖက်စားသုံးရန် ငရုတ်သီးမှုန့်၊ မြေပဲလှော်မှုန့်၊ ရှာလကာရည်နှင့် စိမ်ထားသောငရုတ်သီးစိမ်း၊ သကြားတို့ကိုလဲ အသင့်ပြင်ဆင်ထားနိုင်ပါသည်။

အသုပ်ကြိုက်သူများအတွက် ကွတ်တီယိုအရည်ကို မဆမ်းဘဲ ပါဝင်ပစ္စည်းအားလုံးကို ကြက်သွန်ဖြူကို ထောင်းပြီး ပြန်ကြော်ထားသောဆီချက်နှင့် သုပ်စားနိုင်ပါသည်။ ကဲဒီလိုဆိုရင် အိမ်မှာ လွယ်လွယ်ကူကူ လုပ်လို့ရတဲ့ ကွေ့တီယိုလေး လုပ်လို့ရပါပြီ။

By Aung Myo Hein

Bookmark