By Kael
ဩဂုတ်လ (၂၁) ရက် တွင် KBZ MS General Insurance မှ၎င်းတို့၏ ထိပ်တန်းကိုယ်စားလှယ်များအား ကျန်းမာရေးနှင့် အသက်အာမခံအကာအကွယ်များ ပေးအပ်ချီးမြှင့်သည့် “ကျန်းမာပြည့်ဝ လုံခြုံစိတ်ချ ကိုယ်စားလှယ်ဘဝ” အစီအစဥ်အား ကျင်းပခဲ့သည်။
ထို့သို့ပေးအပ်ရာတွင် သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီသော ရန်ကုန်မှ ထိပ်တန်းကိုယ်စားလှယ် (၂၀) ဦးအပါအဝင် ကိုယ်စားလှယ်ပေါင်း (၇၉) ဦးကိုပေးအပ်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ကိုယ်စားလှယ်များအား အာမခံများ ပေးအပ်ခြင်းမှာ မနှစ်က စတင်ခဲ့ပြီး ယခုနှစ်တွင် ဒုတိယအကြိမ်ဖြစ်သည်။
အရည်အချင်းပြည့်မှီသော ကိုယ်စားလှယ်များမှာ “အာရောဂျံ” ကျန်းမာရေးအာမခံများတွင် ပါဝင်သည့် “သူရိယအစီအစဥ်” “စန္ဒာအစီအစဥ်” “ဓူဝံအစီအစဥ်” တို့အနက် တစ်ခုကိုရရှိမည်ဖြစ်ပြီး ဖျားနာခြင်း၊ မတော်တဆ ဖြစ်ခြင်း၊ သေဆုံးခြင်း၊ ခွဲစိတ်ကုသမှုခံယူခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း တို့ကြုံတွေ့ရပါက ငွေကြေးဆိုင်ရာ အကာအကွယ်ကို ရရှိမည်ဖြစ်သည်။
၏ ထို “အာရောဂျံ” ကျန်းမာရေးအာမခံမှာ ပေးအပ်သော အကျိုးအမြတ်များနှင့် ကာကွယ်စောင့်ရှောက်မှုများကြောင့် မြန်မာနိုင်ငံအတွင်း လူသိများ ရေပန်းစားလာသော အာမခံ Product တစ်ခုဖြစ်သည်။