Health

အပ်ထိုးသည့်နေရာမှ ပိုးဝင်နိုင်သဖြင့် သုံးစွဲရန် မသင့်သော ဆေးပစ္စည်းကို FDA ထုတ်ပြန်

Read 949 times

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနသည် ပြည်တွင်းဈေးကွက်တွင် ရောင်းချနေသော ဆေးပစ္စည်းများကို ဝယ်ယူ၍ ဓာတ်ခွဲစစ်ဆေးခဲ့ရာ IV Cannula ဆိုသည့် ဆေးပစ္စည်းတစ်မျိုးသည် သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိသဖြင့် သုံးစွဲရန် မသင့်ကြောင်း ယနေ့ ဧပြီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ဓာတ်ခွဲစစ်‌ဆေးမှု သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသော IV Cannula အား သုံးစွဲမိပါက လူနာများတွင် အပ်ထိုးသောနေရာ ပိုးဝင်နိုင်ခြင်းနှင့် သွေးပြန်ကြော ရောင်ရမ်းစေနိုင်ခြင်းများ ဖြစ်စေနိုင်ကြောင်း သိရသည်။

ဆေးပစ္စည်းတင်သွင်း၊ ဖြန့်ဖြူး ရောင်းချသည့် ကုမ္မဏီများနှင့် ဆေးပစ္စည်း လက်လီလက်ကားရောင်းချသည့် ဆိုင်များသည် အများပြည်သူများ သုံးစွဲရန် မသင့်သော အဆိုပါဆေးအား တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်း လုံးဝမပြုလုပ်ရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း အသိပေးထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အရည်အသွေး စစ်မှန် ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းသော ဆေးပစ္စည်းများကို အများပြည်သူ စိတ်ချလုံခြုံစွာ သုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲလျက် ရှိသည်။

Su Mon Oo ( Mine )

============================== 

အပ္ထိုးသည့္ေနရာမွ ပိုးဝင္ႏိုင္သျဖင့္ သုံးစြဲရန္ မသင့္ေသာ ေဆးပစၥည္းကို ထုတ္ျပန္

အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာနသည္ ျပည္တြင္းေဈးကြက္မ်ားတြင္ ေရာင္းခ်ေနေသာ ေဆးပစၥည္းမ်ားကို ဝယ္ယူ၍ ဓာတ္ခြဲစစ္ေဆးခဲ့ရာ IV Cannula ဆိုသည့္ ေဆးတစ္မ်ိဳးသည္ သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီမႈ မရွိသျဖင့္ သုံးစြဲရန္ မသင့္ေၾကာင္း ယေန႔ ဧၿပီလ ၂၇ ရက္ေန႔တြင္ ထုတ္ျပန္ ေၾကညာလိုက္သည္။

အဆိုပါ ဓာတ္ခြဲစစ္‌ေဆးမႈ သတ္မွတ္ခ်က္မ်ားႏွင့္ ကိုက္ညီမႈမရွိေသာ IV Cannula အား သုံးစြဲမိပါက လူနာမ်ားတြင္ အပ္ထိုးေသာ ေနရာ ပိုးဝင္ႏိုင္ျခင္းႏွင့္ ေသြးျပန္ေၾကာ ေရာင္ရမ္းေစႏိုင္ျခင္းမ်ား ျဖစ္ေစႏိုင္ေၾကာင္း သိရသည္။

ေဆးပစၥည္းတင္သြင္း၊ ျဖန႔္ျဖဴး ေရာင္းခ်သည့္ ကုမၼဏီမ်ားႏွင့္ ေဆးပစၥည္း လက္လီလက္ကားေရာင္းခ်သည့္ ဆိုင္မ်ားသည္ အမ်ားျပည္သူမ်ား သုံးစြဲရန္ မသင့္ေသာ အဆိုပါေဆးအား တင္သြင္း၊ ျဖန႔္ျဖဴး၊ ေရာင္းခ်ျခင္း လုံးဝမျပဳလုပ္ရန္ႏွင့္ လိုက္နာ ေဆာင္႐ြက္ျခင္း မရွိပါက အေရးယူ ေဆာင္႐ြက္မည္ ျဖစ္ေၾကာင္း အသိေပးထားသည္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနသည္ အရည္အေသြး စစ္မွန္ ေကာင္းမြန္၍ က်န္းမာေရးအတြက္ ေဘးအႏၲရာယ္ကင္းေသာ ေဆးပစၥည္းမ်ားကို အမ်ားျပည္သူ စိတ္ခ်လုံၿခဳံစြာ သုံးစြဲႏိုင္ရန္ စနစ္တက် ကြပ္ကဲလ်က္ ရွိသည္။

Su Mon Oo ( Mine )

Bookmark