Business

Huawei မှ Flagship chipset ဖြစ်သော Kirin 9000 series ကိုထုတ်လုပ်မှုရပ်နားမည်

Read 322 times

 

By Joey

တရုတ်နိုင်ငံမှ အင်အားကြီး Smartphone ထုတ်လုပ်သည့်ကုမ္ပဏီ တစ်ခုဖြစ်သည့် Huawai သည် လာမည့် စက်တင်ဘာလမှစတင်၍ 5G စနစ်ပါဝင်သော Kirin 9000 Chipset များကို ထုတ်လုပ်မှု ရပ်ဆိုင်းတော့မည် ဖြစ်ကြောင်း ဩဂုတ်လ ပထမပတ်က ထုတ်ပြန်ခဲ့သည်။

Huawai ကုမ္ပဏီ၏ CEO တစ်ယောက်ဖြစ်သည့် Yu Chengdong မှ သောကြာနေ့ကပြုလုပ်ခဲ့သော Tech Industry Forum တွင် လာမည့် September 15 ရက်နေ့မှစ၍ Kirin 9000 Smartphone Chipset များကိုထုတ်လုပ်တော့မည်မဟုတ်ဟု ပြောကြားခဲ့ခြင်းဖြစ်သည် Huawai ကုမ္ပဏီမှ မှယခုကဲ့သို့ ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကြောင့်ဖြစ်ဖွယ်ရှိသည်။

ယခင်နှစ်မှစ၍ Google music အပြင် အမေရိကန်နိုင်ငံနှင့်ဆက်စပ်သော နည်းပညာထုတ်ကုန်များအား

Huawei ကုမ္ပဏီနှင့်ပတ်သတ်ခြင်းကို ပိတ်ပင်ခဲ့သည့်အပြင် ဤပိတ်ဆို့မှုများမှာ မေလတွင် ပိုမိုတင်းကျပ်လာခဲ့သောကြောင့် Huawei မှာ အမေရိကန်နှင့် တရုတ် အစိုးရတို့ကြားမှ မြေစာပင်ဖြစ်ခဲ့ရသည်။

ထိုကိစ္စနှင့် ဆက်လျင်း၍ Huwaei ၏အဓိက chips ထုတ်လုပ်သူဖြစ်သော TSMC(Taiwan Semiconductor Manufacturing) မှ “Huawei ဆီက order မရရှိတာ မေလကတည်းကပါဟုပြောကြားခဲ့ခြင်းက Kirin 9000 flagship chipset များရပ်နားမည်မှာ သေချာသွားသလောက်ဖြစ်စေခဲ့သည်။

ကမ္ဘာ့ 5G ကွန်ယက်တွင် ဦးဆောင်နေသော Huawei ကုမ္ပဏီကို အမေရိကန်အစိုးရမှ ဒဏ်ခတ်ခဲ့ခြင်းက Huawei အပေါ်ဆုံးရှုံးမှုကြီးမားစေခဲ့သည်၊၊

ဂျပန်နိုင်ငံ နှင့် ဩစတေးလျနိုင်ငံ တို့မှလဲ Huawei မှ 5G ကွန်ယက်ကို သူတို့နိုင်ငံအတွင်း ကန့်ကွက်နိုင်ရန် စီစဉ်လျက်ရှိသည်။

Source : Asia Times

 

Bookmark