မတ်လအတွက် ကျသင့်သော လျှပ်စစ်ဓာတ်အားခများကို လှိုင်မြို့နယ်အတွင်း Myanmar Computer Co.,Ltd မှ ကားဖြင့် လှည့်လည်ကောက်ခံမည် ဖြစ်ပြီး ဝန်ဆောင်ခအဖြစ် ဘီလ်တစ်စောင်လျှင် ( ၃၀၀ ) ကျပ်နှုန်း ကျသင့်မည် ဖြစ်ကြောင်း YESC မှ သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ လှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကားဖြင့် လှည့်လည်ကောက်ခံရန် ညွှန်ကြားထားသဖြင့် ယနေ့ ဧပြီလ ၂၄ ရက်နေ့၊ နံနက် ၈ နာရီမှ နေ့လည် ၂ အထိ ဓာတ်အားခ ကျသင့်ငွေများကို ကောက်ခံပေးသွားမည် ဖြစ်သည်။
Hlaing YESC က လကုန်အထိ ကောက်ခံမည့် လမ်းကြောင်းစာရင်းများကို ထုတ်ပြန်ထားပြီး ဇယားတွင် မပါဝင်သေးသော အခြားရပ်ကွက်များကိုလည်း ထပ်မံ ကြေညာပေးသွားမည် ဖြစ်ကြောင်း ကြေညာထားသည်။
လိုက်လံ ကောက်ခံမည့် လမ်းကြောင်းများကို အသေးစိတ် သိရှိလိုပါက Myanmar Computer Co.,Ltd ၏ ဖုန်းနံပါတ် 09-254114004 ကို ဆက်သွယ်နိုင်ကြောင်း သိရသည်။
အဆိုပါ မြို့နယ်ရုံး၏ လက်ရှိ ငွေကောက်ကောင်တာများကိုလည်း နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၃ နာရီအထိ ပုံမှန်အတိုင်း ဖွင့်လှစ်ပေးလျက် ရှိသည်။
Su Mon Oo ( Mine )
==============================
မီတာခမ်ားကို လႈိင္ၿမိဳ႕နယ္အတြင္း ကားျဖင့္ လွည့္လည္ ေကာက္ခံေပးမည္
မတ္လအတြက္ က်သင့္ေသာ လွ်ပ္စစ္ဓာတ္အားခမ်ားကို လႈိင္ၿမိဳ႕နယ္အတြင္း Myanmar Computer Co.,Ltd မွ ကားျဖင့္ လွည့္လည္ေကာက္ခံမည္ ျဖစ္ၿပီး ဝန္ေဆာင္ခအျဖစ္ ဘီလ္တစ္ေစာင္လွ်င္ ( ၃၀၀ ) က်ပ္ႏႈန္း က်သင့္မည္ ျဖစ္ေၾကာင္း သိရသည္။
လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနမွ လႈိင္ၿမိဳ႕နယ္အတြင္းရွိ ရပ္ကြက္မ်ားသို႔ ကားျဖင့္ လွည့္လည္ေကာက္ခံရန္ ၫႊန္ၾကားထားသျဖင့္ ယေန႔ ဧၿပီလ ၂၄ ရက္ေန႔၊ နံနက္ ၈ နာရီမွ ေန႔လည္ ၂ အထိ ဓာတ္အားခ က်သင့္ေငြမ်ားကို ေကာက္ခံေပးသြားမည္ ျဖစ္သည္။
Hlaing YESC က လကုန္အထိ ေကာက္ခံမည့္ လမ္းေၾကာင္းစာရင္းမ်ားကို ထုတ္ျပန္ထားၿပီး ဇယားတြင္ မပါဝင္ေသးေသာ အျခားရပ္ကြက္မ်ားကိုလည္း ထပ္မံ ေၾကညာေပးသြားမည္ ျဖစ္ေၾကာင္း ေၾကညာထားသည္။
လိုက္လံ ေကာက္ခံမည့္ လမ္းေၾကာင္းမ်ားကို အေသးစိတ္ သိရွိလိုပါက Myanmar Computer Co.,Ltd ၏ ဖုန္းနံပါတ္ 09-254114004 ကို ဆက္သြယ္ႏိုင္ေၾကာင္း သိရသည္။
အဆိုပါ ၿမိဳ႕နယ္႐ုံး၏ လက္ရွိ ေငြေကာက္ေကာင္တာမ်ားကိုလည္း ေန႔စဥ္ နံနက္ ၈ နာရီမွ ညေန ၃ နာရီအထိ ပုံမွန္အတိုင္း ဖြင့္လွစ္ေပးသြားမည္ ျဖစ္သည္။
Su Mon Oo ( Mine )