COVID-19 ဖြစ်နေတုန်းမှာ မိမိကိုယ်ကို ဂရုစိုက်သင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးထားပါတယ်။
လေ့ကျင့်ခန်းတစ်ခုခုလုပ်ပါ
COVID-19 ဖြစ်နေစဥ်မှာ Gym တွေမသွားသင့်ပါဘူး။ ဒါပေမယ့် Work Out လုပ်နေကြ သူတွေအတွက်တော့ အိမ်မှာပဲ လုပ်လို့ရတဲ့ အိပ်ထမတင်လုပ်တာတို့၊ ဒိုက်ထိုးတာ တို့အပြင် လူသိပ်မများတဲ့ နေရာတွေမှာ ပြေးတာတို့ဘာလို့ လုပ်သင့်ပါတယ်။
အိပ်ရေးဝဝအိပ်ပါ
ဘယ်အချိန်မှာပဲ ဖြစ်ဖြစ် အိပ်ရေး ဝဝအိပ်ခြင်းက ကျန်းမာရေးကို ကောင်းစေပါတယ်။ တစ်ရက်ကို အနည်ဆုံး (၇) နာရီကနေ (၈) နာရီအထိအိပ်ခြင်းက ဦးနှောက်ရဲ့ မှတ်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေပြီး တစ်ရက်တာကို လန်းလန်းဆန်းဆန်း စတင်နိုင်ပါလိမ့်မယ်။
အသင့်စားအစားအစာတွေ သိပ်မစားပါနဲ့
COVID-19 ဖြစ်နေစဥ်မှာ မိမိစိတ်ထင်ရာ ကိုအလွယ်တကူ စားခြင်းမျိုး မလုပ်သင့်ပါဘူး။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ ၊ ဗီတာမင် နဲ့ အမျှင်ဓာတ်များများ ပါဝင်တဲ့ အစားအစားတွေကို စားသောက်တာကို အကျင့်လုပ်ပေးသင့်ပါတယ်။
ဆေးလိပ်မသောက်ပါနဲ့
ဆေးလိပ်ဆိုတာ သောက်တဲ့သူရော အနံ့ခံရတဲ့သူကိုပါ အန္တရာယ်ဖြစ်စေပါတယ်။ အိမ်မှာနေရတာများတာမို့လို့ ဒီအခွင့်ရေးယူပြီး ဆေးလိပ်ဖြတ်သင့်ပါတယ်။ ဆေးလိပ်သောက်မဲ့အစား စာဖတ်ပါ ၊ တရားထိုင်ပါ ၊ ပီကေစားပါ။
မိသားစုကိုအချိန်ပေးပါ
အိမ်မှာ အများစုရှိနေတဲ့ ဒီလိုအချိန်မှာ မိဘတွေ ၊ ကလေးတွေ ၊ လက်တွဲဖော်ကို အချိန်သေချာပေးပါ။ကလေးတွေနှစ်သက်တဲ့ ဂိမ်းတွေတူတူဆော့ပေးပါ။