Education

GenZ တွေအနေနဲ့ မိမိအိပ်မက်ကို မိမိရှာဖွေနိုင်မယ့် ဖန်တီးရာရဲ့ အခမဲ့ Program

Read 706 times

By - WMMH (Mizzy)

Phandeeyar Institute ကနေ Pre-University Learning Festival ဆိုတဲ့ Program တစ်ခုကို ထပ်မံ မိတ်ဆက်ပေးလိုက်ပါတယ်။ Pre-University Learning ဆိုလို့ University တွေအကြောင်း မိတ်ဆက်တဲ့ Program တစ်ခုလို့ အထင်မှားနိုင်ဖွယ်ရာ ရှိပါတယ်။ 

ဒါပေမဲ့ ဒီ Program က တက္ကသိုလ်တက်ရောက်မယ့် ကျောင်းသားတွေသာမက၊ လက်ရှိမှာ တက္ကသိုလ်တက်ရောက်နေပြီး ကျောင်းပြီးတဲ့အခါ ဘယ် Career နဲ့ ရှေ့ဆက်ရမလဲ စဉ်းစားနေတဲ့ ကျောင်းသားတွေ၊ ဘွဲ့ရပြီးကာစ လုပ်ငန်းခွင်ဝင်ရောက်နေတဲ့ လူငယ်တွေအတွက် အဓိက ရည်ရွယ်ထားတဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။

လူငယ်တွေရဲ့ Career အခွင့်အလမ်းတွေနဲ့ မိမိစိတ်ဝင်စားတဲ့ Career Pathကို ဘယ်လိုရောက်အောင် သွားရမယ်ဆိုတဲ့အကြောင်းနဲ့ သိရှိထားသင့်တဲ့ Skillset တွေကို နယ်ပယ်အသီးသီးမှ လုပ်ငန်းခွင် အတွေ့အကြုံရှိ ပညာရှင်တွေက မိတ်ဆက်သင်ကြားပေးသွားမယ့် Program ပါ။

မြန်မာနိုင်ငံက လူငယ်အများစု ကြုံတွေ့နေရတဲ့ အခက်အခဲတွေထဲမှာ ကိုယ့်ရည်မှန်းချက်နဲ့ မကိုက်တဲ့ Career ကို ရွေးချယ်မိကြတာကလည်း တစ်ခုအပါအဝင်ပါပဲ။

တက္ကသိုလ် စတင်ရွေးချယ်ရာမှစပြီး မိမိကိုယ်တိုင်က ဘာကို စိတ်ဝင်စားမှန်း သေချာမသိဘဲ ရမှတ်ကြောင့်ဖြစ်စေ၊ မိဘဆန္ဒကြောင့်ဖြစ်စေ တက်လိုက်ရတာတွေဟာ လူငယ် (၁၀) ယောက်မှာ (၇) ယောက်‌လောက်က အမြဲလိုလို ကြုံတွေ့ရတတ်ပါတယ်။ 

အကျိုးဆက်အနေနဲ့ ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်ရောက်တဲ့အခါ လုပ်ငန်းခွင်မှာ မိမိစွမ်းရည်တိုးတက်မှု နှေးကွေးသွားကြပါတယ်။ ဒါကြောင့် လူငယ်တွေအတွက် “Pre-University Learning Festival” လို့အမည်ပေးထားတဲ့ Program လေးကို ဇူလိုင်လမှာ  Phandeeyar Institute ကနေ ဖန်တီးပေးထားတယ်လို့ သိရပါတယ်။

ဒီ Learning Festival ကို Yangon Data Science Community, Oway နဲ့ ထိုင်းနိုင်ငံရှိ ထိပ်တန်း တက္ကသိုလ်တစ်ခုဖြစ်တဲ့ Chulalongkorn University တို့နဲ့အတူ ပူးပေါင်းပြုလုပ်တာ  ဖြစ်ပါတယ်။  ရက်သတ္တပတ် ၃ ပတ်တာ ကြာမြင့်မှာ ဖြစ်ပြီး အပတ်စဉ် စနေနေ့တိုင်း မနက် (၁၀) နာရီကနေ ညနေ (၅) နာရီအထိ ကျင်းပသွားမှာဖြစ်ပါတယ်။

နိုင်ငံတကာနဲ့ မြန်မာနိုင်ငံမှာ ၂၁ ရာစုမှာ ခေတ်စားလာမယ့် နယ်ပယ် ၃ခု ဖြစ်တဲ့ Data (Machine Learning, AI, Intelligence Analysis), Business (Entrepreneurship, Corporate Innovation), နဲ့ Product (Programming, Design, Management) စတဲ့ နယ်ပယ်တွေမှာ လုပ်ကိုင်နေကြတဲ့ အတွေ့အကြုံရှိ ပညာရှင်တွေကနေ မိတ်ဆက်ဆွေးနွေး ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ဆွေးနွေးတဲ့နေရာမှာလည်း အတွေ့အကြုံ မျှဝေပေးရုံသာမက လိုအပ်တဲ့ မသိမဖြစ် ပြင်ဆင်ထားစရာတွေကို နယ်ပယ်အလိုက် Tutorial တွေ၊ လေ့ကျင့်ခန်း အသေးစားတွေနဲ့ ကိုယ်ဝါသနာပါတဲ့ နယ်ပယ်မှာ ခြေလှမ်းစလှမ်းနိုင်ဖို့ မိတ်ဆက် လေ့ကျင့်ပေးသွားမယ်လို့ သိရပါတယ်။

ဒါကြောင့် တက်ရောက်မယ့် လူငယ်တွေအနေနဲ့ တက္ကသိုလ်ကျောင်းသားဆိုရင်လည်း ကိုယ်စိတ်ဝင်စားတဲ့ Career ကို သိရှိပြီး မိမိဝါသနာနဲ့ ကိုက်ညီတဲ့ Profession ကို ဆန်းစစ်တတ်လာမှာဖြစ်ပြီး၊ လုပ်ငန်းခွင်ဝင်ရောက်စ ကျောင်းပြီးကာစ လူငယ်တွေဆိုရင်လည်း မိမိစွမ်းရည်ကို ကောင်းစွာ အသုံးချနိုင်တဲ့ လုပ်ငန်းခွင်ကို ရှာဖွေတတ်လာမှာ ဖြစ်ပါတယ်။

Learning Festival ကိုတော့ ဒီ ( https://bit.ly/PreUni2020 ) မှာ စာရင်းပေးသွင်းနိုင်ပါတယ်။

 

Festival Schedule

Data Science Day (11 July)

11 - 12 pm : How Data Science Can Change the World

1 - 2:30 pm : Data Science Introduction

3- 4 pm : Data Science Career Map

 

Entrepreneur Day (18 July)

10 - 11:30 am : Entrepreneurship, Innovation & Global Challenges Pt.1

1 - 2:30 pm : Entrepreneurship, Innovation & Global Challenges Pt.2

3 - 4 pm : Startup Founder Panel Discussion

4 - 5 pm : Speed-meeting with Founders

 

Speakers List

Ko Tun Tun Lin - CTO @ Oway

Ko Yan Myo Aung - Trainer @ Phandeeyar Institute

Ko Yemunn Soe - Founder @ YDSC

Ma Theingi Zaw - Community Leader @ YDSC

Ma Phoo Pyae Pyae Lin - Community Leader @ YDSC

Pietro Borsano - Lecturer @ Chulalongkorn University

 

Phandeeyar ဟာ လူငယ်စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များနဲ့ Local Startup Company များအတွက် Training များ၊ Event များ ပုံမှန်ကျင်းပ ပြုလုပ်ပေးလျက် ရှိပါတယ်။ 

Phandeeyar ရဲ့ ရုံးခန်းတည်နေရာကိုတော့ အောက်ပါ Link မှာ ကြည့်ရှုနိုင်ပါတယ်။

>>> https://bit.ly/3e3HbWQ 

Source - Phandeeyar Facebook Page 

 

Bookmark