Photo : Thit Htoo Lwin
ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ ကြေညာချက်အရ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ဝင်ထွက် သွားလာလျက် ရှိသော လူနာတင်ယာဉ်များ၊ ဆရာဝန်ကြီးများ၏ ယာဉ်များ၊ ထောက်ပံ့ရေး ယာဉ်များနှင့် သက်ဆိုင်ရာ ယာဉ်များ သွားလာရေး လွယ်ကူစေရန် ဆေးရုံကြီးအနီးရှိ ယာဉ်လမ်းမ တစ်ချို့အား ခေတ္တပိတ်ထားမည်ဟု သိရသည်။
COVID-19 ကူးစက်ရောဂါ ကုသရေးနှင့် ထိန်းချုပ်ရေး ကာလအတွင်း ဆေးရုံကြီးထံ ဝင်ထွက် သွားလာရသော ယာဉ်များ ယာဉ်အန္တရယ် ကင်းရှင်းစေရန်နှင့် ကုသမှုများအား အနှောက်အယှက် ကင်းရှင်းစွာ ကုသနိုင်စေရန် ရည်ရွယ်ချက်များဖြင့် ထိုကဲ့သို့ ယာယီ ပိတ်ထားရခြင်း ဖြစ်သည်။
ယာယီ ပိတ်ထားမည့် လမ်းများမှာ ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးအား မြို့မကျောင်းလမ်းနှင့် လမ်းမတော် လမ်းဆုံမှစကာ ရွှေတိဂုံ ဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းဆုံအထိ ယာဉ်သွားလာမှုများကို ခေတ္တခဏ ပိတ်ထားမည် ဖြစ်သည်။
၎င်းလမ်းဆုံများအား အောက်တိုဘာလ၊ ၂၄ရက် (စနေနေ့)၊ နံနက် (၆) နာရီမှ စတင်ကာ ယာဉ််ဖြတ်သန်းမှုများကို ပိတ်ထားမည် ဖြစ်ပြီး လမ်းပြန်ဖွင့်မည့် နေ့ကိုမူ အတိအကျ မသိရသေးပေ။
လမ်းပိတ်ထားစဉ် ကာလအတွင်း သွားလာရန် ရှိသော ယာဉ်မောင်းနှင်သူများ အနေဖြင့် အခြားသော သင့်တော်ရာ လမ်းများမှသာ မောင်းနှင် သွားလာကြပါရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအား လိုက်နာပေးကြပါရန် ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီမှ ပြည်သူအများအား တိုက်တွန်းထားသည်။
အားကစားနှင့် ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ကူးစက်ခံရသူ စတင်တွေ့ရှိခဲ့သည့် မတ်လ (၂၃) ရက်နေ့မှ စ၍ ယနေ့ အချိန်အထိ ရန်ကုန်မြို့တွင် ကူးစက်ခံရသူပေါင်း (၂၉,၈၆၅)ဦး ရှိပြီ ဖြစ်ပြီး အများဆုံး ကူးစက်ခံရသည့် မြို့နယ်များမှာ
စသည့် မြို့နယ်များ ဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း (၃၉,၆၉၆) ဦး ရှိပြီ ဖြစ်ပြီး သေဆုံးလူနာ (၉၇၂) ဦးနှင့် ကုသမှု ခံယူပြီး ရောဂါကင်းစင်လာသူ (၁၈,၈၆၅) ဦး ရှိပြီ ဖြစ်သည်။