Health

ဘာစားစား ဝိတ်မတက်လို့ စိတ်ညစ်နေတဲ့ သူတွေအတွက် ဝိတ်တက်အောင်စားနည်း

Read 1948 times

ဘယ်လိုစားစား ဝိတ်မတက်ပဲ ဒီခန္တာကိုယ်ပဲဖြစ်လို့ စိတ်ညစ်နေရပြီလား??

ဒါဆိုရင် စိတ်မညစ်ပါနဲ့တော့ ဝိတ်တက်လာအောင် ဘယ်လိုနေရမလဲ ဆိုတာ ဒီမှာဆက်ကြည့်လိုက်ပါ။ 

  1.  နို့များများသောက်ပါ

နို့ဆိုတာ လွန်ခဲ့တဲ့နှစ်တွေကတည်းက ဝိတ်တက်ချင်တဲ့သူတွေ၊ ကြွက်သားတိုးချင်တဲ့ သူတွေ သောက်ခဲ့ကြတာပါ။ နို့မှာ ပရိုတိန်း ၊ ကယ်ဆီယမ်နဲ့ အခြားဓာတ်ပစ္စည်းတွေ မျှတစွာပါဝင်ပါတယ်။ 

လေ့ကျင့်ခန်း မလုပ်မှီ ဒါမှမဟုတ် အစာနဲ့အတူ သောက်သုံးသင့်ပါတယ်။ 

 

  1. ထမင်း 

ထမင်းဟာ စားရလွယ်ပြီး အစာချေရလည်းလွယ်ကူပါတယ်။ ထမင်း (၁၆၅) ဂရမ်မှာ ကယ်လိုရီ (၁၉၀) နဲ့ ကာဗွန်ဟိုက်ဒရိတ် (၄၃) ပါဝင်ပါတယ်။ သူ့မှာ ကယ်လိုရီနဲ့ အဆီ အပြင် ကာဗွန်ဟိုက်ဒရိတ် တွေ မျှမျှတတ ပါဝင်တာမို့လို့ တစ်ပန်းကန် နဲ့တင်လိုအပ်တဲ့ ကယ်လိုရီပမာဏကို ရရှိစေမှာပါ။ 

  1. အာလူး 

အာလူးဟာလည်း သက်သက်သာသာနဲ့ လွယ်လွယ်ကူကူ ကယ်လိုရီတက်စေတဲ့ အစားအစာတစ်မျိုးပါ။ အလေးချိန်တက်ရာမှာ အသုံးဝင်ရုံမကပဲ ကြွက်သားတွေမှာရှိတဲ့ ဂလိုင်ကိုဂျင် ပမာဏကိုလည်း မြင့်တက်စေပါတယ် ။ဂလိုင်ကိုဂျင်ဆိုတာက အားကစားနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေလုပ်ရင် လိုအပ်တဲ့ ဓာတ်တစ်မျိုးပါ။ 

  1. Red Meat 

အမဲသား၊ ဆိတ်သား၊ သိုးသားနဲ့ ဝက်သား လိုမျိုး red meat တွေက ကြွက်သားတည်ဆောက်ရာမှာ အကောင်းဆုံး အစားအစာတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကိုယ်ကဝိတ်တက်ချင်တာဆိုရင်တော့ အဆီပိုပါတဲ့ အသားကိုရွှေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့မှာ ကယ်လိုရီပိုပါတာကြောင့်ပါပဲ။ 

  1. ဆယ်လ်မွန်ငါး

Red Meat လိုပဲ ဆယ်လ်မွန်ငါးကလည်း protein ပေါပေါများများပါဝင်တဲ့ အစားအစာပါ။ ဆယ်မွန်ငါးမှာ ပါတဲ့ ဓာတ်သတ္တုတွေထဲမှာ Omega-3 လို့ခေါ်တဲ့ ငါးကြီးဆီက လူသိအများဆုံးပါ။ 

ဆယ်လ်မွန်ငါး (၁၇၀) ဂရမ်မှာဆိုရင် ကယ်လိုရီ (၃၅၀) နဲ့ Omega-3 (၄)ဂရမ်အပြင် ပရိုတိန်း (၃၄) ဂရမ်ထိပါဝင်ပါတယ်။ 

  1. ထောပတ်သီး 

ထောပတ်သီးတစ်ခုလုံးမှာ လူကိုအကျိုးပြုစေတဲ့ ဓာတ်သတ္တုတွေပဲပါဝင်တာပါ။ အခြားအသီးတွေနဲ့ မတူတာက ကိုယ်အလေးချိန်လည်းတက်စေတာပါ။ ထောပတ်သီး ခပ်ကြီးကြီးတစ်လုံးမှာ ကယ်လိုရီ (၃၂၂) ပါဝင်ပါတယ်။ ဒါကြောင့်မို့ အလေးချိန်တက်ချင်တယ်ဆို ထောပတ်သီးကိုလည်းထည့်စဥ်းစားလို့ရပါတယ်။ 

  1. Dark Chocolate 

    Chocolate တော့ chocolate ပါပဲ ရိုးရိုးတော့မဟုတ်ပါဘူး ကိုကိုးပါဝင်မှုနှုန်းများတဲ့ Dark Chocolate ပါ။ တခြား ကယ်လိုရီပါဝင်နှုန်းများတဲ့ စားစရာတွေလိုပါပဲ Dark Chocolate မှာလည်း ကယ်လိုရီပါဝင်နှုန်းက တော်တော်များပါတယ်။ ဒါပေမယ့် ကိုကိုး 70% ထိပါတဲ့ Dark Chocolate မှပါ။ သူ့မှာ ကယ်လိုရီအပြင် မဂ္ဂနီဆီယမ် နဲ့ ခန္တာကိုယ်ကို အကျိုးပြုတဲ့ အခြားဓာတ်သတ္တုတွေလည်းပါပါသေးတယ် 

ကဲဒီလောက်ဆိုရင်တော့ ကိုယ်အလေးချိန် တက်ဖို့ဘာတွေစားရမလဲ သိလောက်ပြီလို့ထင်ပါတယ်။ 

 

Bookmark