Business Yangon Trend

တစ်ပတ်အတွင်း (၄၀) ကျပ်ခန့် ထပ်မံ ကျဆင်းလာတဲ့ စက်သုံးဆီဈေးနှုန်း

Read 1283 times

ပြည်တွင်း စက်သုံးဆီဈေးနှုန်းများသည် ပုံမှန်အားဖြင့် မြန်မာငွေ (၇၀၀) ကျပ်ခန့်မှ (၁,၀၀၀) ကျပ်နီးပါးထိ ရှိခဲ့ရာမှ Covid-19 ကြောင့် တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး လက်ရှိတွင် ဈေးနှုန်းများသည် ယခင်ထက် ထက်ဝက်မက ကျဆင်းလာလျက် ရှိသည်။

ရန်ကုန်ရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ယနေ့ ဧပြီလ ၂၈ ရက်နေ့တွင် Octane 92 သည် (၃၁၀) ကျပ်၊ Octane 95 သည် (၄၄၅) ကျပ်၊ Premium Diesel သည် (၄၆၅) ကျပ်နှင့် Diesel သည် (၄၅၅) ကျပ်ဖြင့် ရောင်းချနေကြောင်း သိရသည်။

သင်္ကြန်ကာလပြီး ဧပြီလ ၂၀ ရက်နေ့တွင် Octane 92 သည် (၃၅၀) ကျပ်၊ Octane 95 သည် (၄၅၅) ကျပ်၊ Premium Diesel သည် (၄၇၅) ကျပ်နှင့် Diesel သည် (၄၆၅) ကျပ် ရှိခဲ့ပြီး ဧပြီလ ၂၄ ရက်နေ့မှ စတင်ကာ ထပ်မံ ကျဆင်းလာခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ ဆက်တိုက် ကျဆင်းနေသကဲ့သို့ ပြည်ပစက်သုံးဆီဈေးနှုန်းများသည်လည်း Premium Diesel သည် $2.410 နှင့် Diesel သည် $2.454 သာ ရှိတော့ပြီး စံချိန်တင် ကျဆင်းလျက် ရှိသည်။

ထို့အတူ အမေရိကန်ဒေါ်လာ၊ ယူရိုဒေါ်လာ၊ စင်္ကာပူဒေါ်လာဈေးနှုန်းများနှင့် ရွှေဈေးနှုန်းများသည်လည်း ဆက်လက် ကျဆင်းနေကြောင်း သိရသည်။

Su Mon Oo ( Mine )

==============================

တစ္ပတ္အတြင္း (၄၀) က်ပ္ခန႔္ ထပ္မံ က်ဆင္းလာတဲ့ စက္သုံးဆီေဈးႏႈန္း

ျပည္တြင္း စက္သုံးဆီေဈးႏႈန္းမ်ားသည္ ပုံမွန္အားျဖင့္ ျမန္မာေငြ (၇၀၀) က်ပ္ခန႔္မွ (၁,၀၀၀) က်ပ္နီးပါးထိ ရွိခဲ့ရာမွ Covid-19 ေၾကာင့္ တျဖည္းျဖည္း က်ဆင္းလာခဲ့ၿပီး လက္ရွိတြင္ ေဈးႏႈန္းမ်ားသည္ ယခင္ထက္ ထက္ဝက္မက က်ဆင္းလာလ်က္ ရွိသည္။

ရန္ကုန္ရွိ စက္သုံးဆီအေရာင္းဆိုင္မ်ားတြင္ ယေန႔ ဧၿပီလ ၂၈ ရက္ေန႔တြင္ Octane 92 သည္ (၃၁၀) က်ပ္၊ Octane 95 သည္ (၄၄၅) က်ပ္၊ Premium Diesel သည္ (၄၆၅) က်ပ္ႏွင့္ Diesel သည္ (၄၅၅) က်ပ္ျဖင့္ ေရာင္းခ်ေနေၾကာင္း သိရသည္။

သၾကၤန္ကာလၿပီး ဧၿပီလ ၂၀ ရက္ေန႔တြင္ Octane 92 သည္ (၃၅၀) က်ပ္၊ Octane 95 သည္ (၄၅၅) က်ပ္၊ Premium Diesel သည္ (၄၇၅) က်ပ္ႏွင့္ Diesel သည္ (၄၆၅) က်ပ္ ရွိခဲ့ၿပီး ဧၿပီလ ၂၄ ရက္ေန႔မွ စတင္ကာ ထပ္မံ က်ဆင္းလာခဲ့ျခင္း ျဖစ္သည္။

ျပည္တြင္းစက္သုံးဆီေဈးႏႈန္းမ်ား ဆက္တိုက္ က်ဆင္းေနသကဲ့သို႔ ျပည္ပစက္သုံးဆီေဈးႏႈန္းမ်ားသည္လည္း Premium Diesel သည္ $2.410 ႏွင့္ Diesel သည္ $2.454 သာ ရွိေတာ့ၿပီး စံခ်ိန္တင္ က်ဆင္းလ်က္ ရွိသည္။

ထို႔အတူ အေမရိကန္ေဒၚလာ၊ ယူ႐ိုေဒၚလာ၊ စကၤာပူေဒၚလာေဈးႏႈန္းမ်ားႏွင့္ ေ႐ႊေဈးႏႈန္းမ်ားသည္လည္း ဆက္လက္ က်ဆင္းေနေၾကာင္း သိရသည္။

Su Mon Oo ( Mine )

Bookmark