ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဈေးဝယ်သူများ အလွန်အကြူးဈေးမဝယ်မထွက်မိစေရန်နဲ့ မျှတစွာ ဈေးဝယ်ထွက်နိုင်ဖို့အတွက် City Mart ကနေ ဈေးဝယ်ထွက်သူတစ်ဦးအတွက် ဝယ်ယူနိုင်မယ့် ပမာဏကို ကန့်သတ်လိုက်ပါတယ်။
ဝယ်ယူနိုင်မည့် ပစ္စည်းတွေနဲ့ ကန့်သတ်ထားတဲ့ ပမာဏတွေကိုတော့ ထုတ်ပြန်ထားတဲ့အတိုင်း ဖော်ပြပေးလိုက်ပါတယ်။
City Mart တွင် ဈေးဝယ်သော ဈေးဝယ်သူတစ်ဦးအနေနဲ့-
၁။ ဆန်- (၃) အိတ်
၂။ ဆီ- (၃) ဘူး
၃။ ကြက်ဥ- (၁၀) လုံးပါ (၃)ကဒ်
၄။ ခေါက်ဆွဲခြောက်များ- တစ်မျိုးကို (၃)ထုပ်
၅။ စည်သွပ်ဗူးများ- တစ်မျိးကို (၃)ဗူး
၆။ ကော်ဖီ/ လက်ဖက်ရည်- တစ်မျိုးလျှင် ၃ ဗူး (သို့) ၃ထုပ်
၇။ သကြား- (၃) ထုပ်
၈။ နို့မှုန့်- (၃) ထုပ်
၉။ နို့ဗူး- တစ်လီတာ (၃)ဗူး
၁၀။ နွားနို့- ၃ ထုပ် (သို့) ၃ ဗူး
၁၁။ ကလေးသောက်နို့မှုန့်- ၃ ထုပ် (သို့) ၃ ဗူး
၁၂။ ပေါင်မုန့်- (၃) ထုပ်
၁၃။ ဗီတာမင်စီ- အလုံး (၃၀) ပါ (၁)ဗူး/ (၁)ပုလင်း
၁၄။ နှာခေါင်းစီး- (၁၀) ခုပါ (၁)ထုပ်
၁၅။ လက်ဆေးဆပ်ပြာရည်- (၃)ဗူး
၁၆။ လက်သန့်ဆေးရည်- ပုလင်းကြီး (၁)လင်း/ ပုလင်းသေး (၂) ပုလင်း
၁၇။ အရက်ပြန်- ပုလင်းကြီး (၁)လင်း/ ပုလင်းသေး (၂) ပုလင်း
၁၈။ ပိုးသတ်ဆေး (သို့) အစွန်းချွတ်ဆေး- (၃)ဗူး
၁၉ အိမ်သာသုံး စက္ကူ- (၃) ထုပ် စသည်တို့ပဲ ဖြစ်ပါတယ်။
Psyche (MY Yangon)
Source; city mart f. b page