အစားအသောက်ချစ်သူတိုင်း သဘောကျစေမယ့် သတင်းကောင်းလေးတစ်ခု ရှိနေပါတယ်။ ဒါကတော့ လာမယ့် ဇူလိုင်လ ၁၀ ရက်နေ့မှာ ဖွင့်လှစ်တော့မယ့် The Local Kitchen Food Court ရဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
Food Court ဆိုတဲ့အတိုင်း အစားအသောက် အမျိုးအစားမျိုးစုံကို ဆိုင်ပေါင်းများစွာက တစ်စုတစ်စည်းထဲ ရောင်းချပေးသွားမယ့် နေရာလေးပါ။
မြန်မာနိုင်ငံမှာ Food Court ယဥ်ကျေးမှုဟာ ၂၀၁၉ နှစ်စပိုင်းလောက်ကတည်းက ခေတ်စားလာခဲ့ပြီး အခုဆိုရင်တော့ နာမည်ကြီး Center, ကုန်တိုက်တော်တော်များများမှာ နေရာယူနေပြီပဲ ဖြစ်ပါတယ်။
Food Court တွေ ရှိလာခြင်းအားဖြင့် စားချင်တဲ့ အစားအစာတိုင်းကို တစ်နေရာထဲမှာ ရရှိနိုင်တာမို့ လွယ်ကူအဆင်ပြေပြီး အချိန်ကုန်လည်း သက်သာစေပါတယ်။
မိသားစုနဲ့လာလာ၊ ချစ်သူ သူငယ်ချင်းတွေနဲ့ပဲလာလာ ကိုယ်ကြိုက်တဲ့ဆိုင် သူကြိုက်တဲ့ဆိုင် ရွေးချယ်နေစရာမလိုဘဲ အားလုံး တစ်စုတစ်စည်းထဲ စားနိုင်တာကြောင့် ဆိုင်တစ်ဆိုင်သွားဖို့ အများကြီး ညှိနှိုင်းနေရတဲ့ ဒုက္ခကနေ ကင်းဝေးမှာ အသေအချာပါပဲနော်။
ဒီ Food Court အသစ်လေးရဲ့ တည်နေရာကတော့ - အမှတ် A418- A422, Time City ၄လွှာ (မှန်တံတားဘေးကပ်ရပ်)၊ ရတနာဆိုင်တန်းနားမှာ ဖွင့်လှစ်မှာဖြစ်ပြီး မြန်မာအစားအစာ၊ ထိုင်းအစားအစာ၊ တရုတ်အစားအစာ၊ ကိုရီးယားအစားအစာနဲ့ အခြားသော ဒေသအစုံမှ အစားအစာ အစုံအလင်ကို တစ်နေရာထဲ ရရှိနိုင်မှာ ဖြစ်ပါတယ်။
Food Court မှာ ရောင်းချပေးသွားမယ့် ဆိုင်တွေကတော့ နာမည်ကြီးဆိုင်များဖြစ်ကြတဲ့...
စတဲ့ Foodie တို့ အသည်းစွဲဆိုင်တွေ အားလုံးနီးပါး ရှိနေမှာ ဖြစ်ပါတယ်။
ဖွင့်လှစ်မယ့်ရက်က ၂၀၂၀၊ ဇူလိုင်လ၊ ၁၀ ရက်နေ့ဆိုတော့ သိပ်မကြာခင်ဖွင့်တော့မှာမို့ အတူတူစားကြမယ့် သူငယ်ချင်းတွေကိုလည်း လက်တို့ထားကြပါဦး။
စားသောက်ဆိုင်လိပ်စာနှင့် ဖုန်းနံပါတ်များကို အောက်ပါ Link အတွင် ဝင်ရောက် ကြည့်ရှုနိုင်ပါပြီ။>>> https://bit.ly/2O0hZ92
WMMH (Mizzy)