အခုပြောပြပေးမယ့် ငါးသံပုရာပေါင်း လုပ်နည်းလေးက လုပ်ရလည်း အရမ်းလွယ်ပြီ စားလို့ ကောင်းတာမို့ ခုပဲ တူတူ လုပ်စားကြည့်ရအောင်..
ပါ၀င်သောပစ္စည်းများ
တလာဗီယားငါး – ၁ကောင် (၃၅၀- ၄၀၀ဂရမ်)
ငါးငံပြာရည် – စားပွဲတင်ဇွန်း ၂ဇွန်း
သံပရာရည် – စားပွဲတင်ဇွန်း ၄ဇွန်း
ငရုတ်သီးစိမ်း၊နီ – ၄တောင့် (ပါးပါးလှီးပါ)
ကြက်သွန်ဖြူ – ၅မွှာ (အဝိုင်း ပါးပါးလှီးပါ)
ဇီးချိုသီး – ၄လုံး
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
အသားမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
သကြား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်ပြုတ်ရည် – ခွက်တ၀က် (၁၀၀မီလီလီတာ)
နံနံပင် – လက်တဆုတ်စာ (ပါးပါးလှီးပါ)
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ငါးကို အကြေးခွံဖယ်၊ သန့်စင်ပြီ ဓားဖြင့် အမြောင်းမွှန်းပေးပါ။
၂။ ပြီးလျှင် တလဗီယားငါးကို ဆား၊ ကြက်သားမှုန့်တို့ဖြင့် သမအောင် ရောနယ်ထားပါ။
၃။ ထို့နောက် ဆော့ အတွက် ပါ၀င်သောပစ္စည်းများဖြစ်သော ( ကြက်သွန်ဖြူ၊ ၊သံပရာရည်၊ ငရုတ်သီးစိမ်း၊ သကြား၊ ငံပြာရည်၊ရေ) အားလုံးကို ပန်းကန်လုံး တစ်ခုထဲ ထည့်ပြီး သကြားအရည်ပျော်သည်အထိ ရောမွှေပေးပါ။
၄။ ထိုဆော့အရည်များကို တလာဗီယားငါးပေါ်သို့ လောင်းထည့်၊ ဇီချိုသီးထည့်ပြီ၊ နံနံပင်(အနည်းငယ်) အုပ်ပြီ ပေါင်းအိုးဖြင့် မိနစ် ၂၀ခန့် ပေါင်းပေးပါ။
၅။ အဲ့တာပြီးရင်တော့ အရသာရှိတဲ့ ငါးသံပရာပေါင်းကို ထမင်းပူပူလေးနဲ့ တွဲဖက် သုံးဆောင်နိုင်ပါပြီ…