ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ရန်ကုန်ရှိ မြို့နယ် (၁၀)ခု၌ လျှပ်စစ်မီး ပြတ်တောက်နိုင်

Ads Ads Ads

ရန်ကုန်တိုင်း ဒေသကြီးရှိ မြို့နယ်(၁၀)ခုတွင် လျှပ်စစ်ဓာတ်အား လဲလှယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကြောင့် လျှပ်စစ်မီး ခေတ္တပြတ်တောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ ကြေညာချက်အရ သိရသည်။ 

ရန်ကုန်တစ်မြို့လုံးအတွက် လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးရာ အဓိက စက်ရုံများတွင် ဓာတ်အားများ ရေရှည်တည်ငြိမ်ပြည့်ဝစွာ ပေးစွမ်းနိုင်စေရန် (66kV) , (33kV) ဓါတ်အားခွဲရုံများနှင့် Distribution Transformer များကို ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်မည် ဖြစ်သောကြောင့် မီးခေတ္တ ဖြတ်တောက်ရခြင်း ဖြစ်သည်။ 

လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဟောင်းနွမ်း၍ ဝန်အားမနိုင်သော (11kV) ဓာတ်အားလိုင်းကြိုးများအား လျှပ်ကာပါသော ဓါတ်အားလိုင်းကြိုး အသစ်များဖြင့် လဲလှယ်ခြင်း၊ ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း စသည်တို့ ပြုလုပ်သွားမည် ဖြစ်သည်။ 

လျှပ်စစ်ဓာတ်အား ပြတ်တောက်မည့် မြို့နယ်များမှာ … 

  • ကြည်မြင့်တိုင်၊
  • လမ်းမတော်၊ 
  • စမ်းချောင်း၊
  • အလုံ၊
  • လှည်းကူး၊ 
  • ဖောင်ကြီး၊
  • ဒါးပိန်၊
  • အင်းတိုင်၊ 
  • မှော်ဘီ၊ 
  • တိုက်ကြီး 

စသည့် မြို့နယ်များ ဖြစ်ပြီး လျှပ်စစ်မီး ပြတ်တောက်မည့် အချိန်မှာ ဒီဇင်ဘာလ (၁၆)ရက် (ဗုဒ္ဓဟူးနေ့)၊ နံနက် (၉)နာရီမှ နေ့လည် (၁၂)နာရီအထိ လုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။ 

ထို့ကြောင့် ယာယီဓာတ်အား ပြတ်တောက်ချိန်တွင် ပြည်သူအများ အနေဖြင့် လှုမှုရေး အခက်အခဲများ မဖြစ်ပေါ်စေရေး ကြိုတင်ပြင်ဆင်ထားရန် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ၎င်းတို့၏ လူမှုကွန်ယက် စာမျက်နှာမှတစ်ဆင့် အသိပေး ပန်ကြားထားကြောင်း သိရသည်။ 

Yangon Trend Live-Style Read 12932 times





4% OFF
FLO Monitor Arms

The Flo family of monitor arms possesses both award winning aesthetic design and functionality

420000.00
403000.00
Valid Until 01 July, 2021
100% OFF
Embody Chair

Designed by Jeff Weber and Bill Stumpf for Herman Miller®

31000000.00
0.10
Valid Until 01 July, 2021