Yangon Trend

ဇန်နဝါရီလ(၁)ရက်နေ့မှ (၃၁)ရက်နေ့အထိ လျှပ်စစ်ဓာတ်အား ယူနစ်(၁၅၀) ထပ်မံကင်းလွတ်ခွင့်ပြု

Read 663 times

လျှပ်စစ်နှင့်စွမ်းအား ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကြောင့် ပြည်သူများ ငွေကြေးအရ ကျပ်တည်းခြင်းများ ဖြစ်ပေါ်ခဲ့သောကြောင့် လစဥ် ယူနစ်(၁၅၀)အတွက်ကျသင့်ငွေကို (၂၉-၁၂-၂၀၂၀) အထိ ယူနစ်(၁၅၀) ကင်းလွတ်ခွင့်ပြုခဲ့သည်။ 

သို့သော် ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်ရေး တိုးမြှင့်ခဲ့သည့် ဇန်နဝါရီ (၁)ရက်နေ့မှ (၃၁) ရက်နေ့အထိ ယူနစ်(၁၅၀) အား ထပ်မံကင်းလွတ်ခွင့် ပြုသွားမည်ဖြစ်သည်။

ထို့ကြောင့် ဇန်နဝါရီလ (၁)ရက်နေ့မှ (၃၁)ရက်နေ့အထိ ပြည်သူများ၊ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများ (သံရုံး၊ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများ မပါဝင်ဘဲ) လျှပ်စစ်ဓာတ်အား သုံးစွဲမှု ယူနစ်(၁၅၀)ကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့်ရရှိမည် ဖြစ်သည်။ 

သို့ဖြစ်သောကြောင့် သုံးစွဲခဲ့သော လျှပ်စစ်ဓာတ်အားယူနစ်များအနက်မှ (၁၅၀)ယူနစ်အထိ သုံးစွဲမှုများကို ဓာတ်အားခကျသင့်ငွေနှင့် မီတာဝန်ဆောင်ခ အပါအဝင် ကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပြီး (၁၅၁) ယူနစ်နှင့်အထက် သုံးစွဲသူများကို ယူနစ်(၁၅၀) အတွက်ကျသင့်ငွေ (၁၁၅၅၀) ကို ကင်းလွတ်ခွင့် ရရှိမည်ဖြစ်သည်။ 

 

Bookmark