ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်များနှင့် မြို့နယ်များတွင် 66kV ၊ 33kV ဓါတ်အားခွဲရုံများကို Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများနှင့် ဟောင်းနွမ်း၍ ဝန်အားမနိုင်သော 11kV ဓါတ်အားလိုင်းကြိုးများအား လျှပ်ကာပါသော ဓါတ်အားလိုင်းကြိုး အသစ်များဖြင့် လဲလှယ်ခြင်း တို့အပြင် ဓါတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်သည်။
ထိုသို့ပြုလုပ်မည့် (၈.၁၂.၂၀၂၀)ရက် အင်္ဂါနေ့ နံနက် ( ၀၉:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ မြို့နယ်အချို့တွင် ယာယီဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်မည် ဖြစ်သည်။ထိုသို့ ပြတ်တောက်မည့် မြို့နယ်များမှာ
ဒဂုံမြို့သစ်တောင်ပိုင်း
သင်္ဃန်းကျွန်း
တောင်ဥက္ကလာ
သာကေတ
ဒေါပုံ
မြောက်ဥက္ကလာ
ရန်ကင်း
ဗိုလ်တစ်ထောင်
ဒဂုံမြို့သစ် အရှေ့ပိုင်း
မရမ်းကုန်း
ဗဟန်း
လှိုင်
အင်းစိန်
လှိုင်သာယာ
ရွှေပြည်သာ
ထန်းတစ်ပင်
မင်္ဂလာဒုံ
ထောက်ကြံ့
မြောင်းတကာ မြို့နယ်များမှ လူနေရပ်ကွက်များ ပါဝင်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ထုတ်ပြန်ကြေညာထားသည်။