ဇွန်လ (၂၄) ရက်နေ့တွင် ရန်ကုန်တိုင်းရှိ မြို့နယ် (၁၉) မြို့နယ်၌ လျှပ်စစ်ဓာတ်အား ခေတ္တပြတ်တောက်မည်

Read 2528 times

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ခရိုင်နှင့် မြို့နယ် (၁၉) မြို့နယ်တွင် လျှပ်စစ်ဓာတ်အားလိုင်းနှင့်မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများခုတ်ထွင်  ရှင်းလင်းခြင်း၊ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံများထိန်းသိမ်းပြုပြင်ခြင်းများ ပြုလုပ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ ကြေညာချက်အရ သိရသည်။ 

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ပါမြို့နယ်များရှိ ရပ်ကွက်နေရာအချို့တို့တွင် ယာယီဓာတ်အားပြတ်တောက်နိုင်ပါသည်။

လျှပ်စစ်ဓာတ်အား ပြတ်တောက်မည့် မြို့နယ်များမှာ … 
-ဒဂုံ(အရှေ့)၊
-ဒဂုံ(တောင်)၊
-တောင်ဉက္ကလာ၊
-ဒဂုံဆိပ်ကမ်း၊
-သာကေတ၊
-မင်္ဂလာတောင်ညွန့်၊
-ကမာရွတ်၊
-မရမ်းကုန်း၊
-အလုံ၊
-ဒဂုံ၊
-လသာ၊
-လမ်းမတော်၊
-ဗဟန်း၊
-သန်လျင်၊
-ကျောက်တန်း၊
-လှည်းကူး၊
-လှိုင်သာယာ၊
-မင်္ဂလာဒုံ၊
-ထောက်ကြန့် စသည့် မြို့နယ်များ ဖြစ်ပြီး လျှပ်စစ်မီး ပြတ်တောက်မည့် အချိန်မှာ ဇွန် (၂၄) ရက် (ကြာသပတေးနေ့)၊ နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီအထိ လုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း ဖြတ်တောက်မည်ဖြစ်ကြောင်း သိရသည်။ 

ထို့ကြောင့် ယာယီဓာတ်အား ပြတ်တောက်ချိန်တွင် ပြည်သူအများ အနေဖြင့် လှုမှုရေး အခက်အခဲများ မဖြစ်ပေါ်စေရေး ကြိုတင်ပြင်ဆင်ထားရန် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ၎င်းတို့၏ လူမှုကွန်ယက် စာမျက်နှာမှတစ်ဆင့် အသိပေး ပန်ကြားထားကြောင်း သိရသည်။ 

Bookmark