ဧပြီလ ၁၆ ရက်၊ ယနေ့နံနက်ပိုင်းအချိန်တွင် မွေးမြူရေးဇုန်(၅)၊ ရွှေရင်အေးကျောင်းလမ်းတွင် ဓာတ်အားလိုင်းကြိုး ပြတ်ကျခြင်းအပြစ် ဖြစ်ပွားခဲ့သဖြင့် ကောင်းကင်ဓာတ်အားလိုင်းမှ ပြုပြင် ဆောင်ရွက်လျက် ရှိကြောင်း YESC မှ သိရသည်။
ထိုသို့ ပြုပြင်ဆောင်ရွက်နေစဉ်အတွင်း လှိုင်သာယာမြို့နယ်အတွင်းရှိ ( ၁၀၊ ၁၁၊ ၁၂၊ ၁၆၊ ၁၇၊ ၂၀ ရပ်ကွက်များ၊ကံလှ၊ ကျုံစု၊ ကုလားကြီးစုကျေးရွာများ ) ယာယီဓာတ်အားပြတ်တောက်နေမည် ဖြစ်သည်။
33kV လှိုင်သာယာ-ဇုန် (၅) ဖီဒါသည်လည်း ဧပြီ ၁၅ ရက်နေ့ည ၉ နာရီအချိန်ခန့်တွင် ဓာတ်အားလိုင်း အပြစ်ဖြစ်ခဲ့သဖြင့် ဆောင်ရွက်ခဲ့သည်။