ဓါတ်အားလိုင်းဖီဒါများကို အရေးပေါ်သစ်ပင်ခုတ်လုပ်ငန်း ဆောင်ရွက်မည် ဖြစ်သောကြောင့် ဧပြီလ ၂၉ ရက်နေ့ ( ဗုဒ္ဓဟူးနေ့ ) မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီ အချိန်အတွင်း၌ ရန်ကုန်တိုင်းဒေသကြီးရှိ အောက်ပါမြို့နယ်များတွင် ယာယီ ဓာတ်အားပြတ်တောက်မည် ဖြစ်ကြောင်း YESC မှ သိရသည်။
၁။ ဓါတ်အားပိတ်မည့်ဖီဒါ - ၆၆ ကေဗွီသာကေတ-ဒဂုံအရှေ့
ဓါတ်အားပြတ်တောက်မည့် ဧရိယာ - ဒဂုံအရှေ့၊ ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်း၊ သာကေတမြို့နယ်များ
၂။ ဓါတ်အားပိတ်မည့်ဖီဒါ - ၃၃ ကေဗွီ RIR-တော်ဝင်၊
ဓါတ်အားပြတ်တောက်မည့်ဧရိယာ - လှိုင်မြို့နယ် ( ၁၀၊ ၁၁၊ ၁၂ ) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ် (၂၊ ၃၊ ၄၊ ၆ ရပ်ကွက် )
၃။ ဓါတ်အားပိတ်မည့်ဖီဒါ - ၃၃ကေဗွီ သန်လျင်-သီလဝါ (၂)
ဓါတ်အားပြတ်တောက်မည့် ဧရိယာ - သန်လျင်၊ ကျောက်တန်း၊ ကျောက်တံတားမြို့နယ်များ
၄။ ဓါတ်အားပိတ်မည့် ဖီဒါ - ၃၃ကေဗွီ လှိုင်သာယာ-ကျန်စစ်မင်း (၁+၂)
ဓါတ်အားပြတ်တောက်မည့်ဧရိယာ - လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်း ( ၁၅၊ ၁၆၊ ၁၄၊ ၂၀၊ ၁၈၊ ၁၉၊ ၂၁၊ ၂၃၊ ၂၂ ရပ်ကွက်များ )
ယခုအချိန်ကာလသည် ပူပြင်းသော နွေရာသီကာလ ကုန်ဆုံးခါနီး မိုးကြိုကာလ ရောက်ရှိလာချိန်ဖြစ်သည့်အတွက် မိုးသက်လေပြင်း မုန်တိုင်းများ တိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊
မိုးကြိုးလျှပ်စီးအန္တရာယ် ဖြစ်ပွားခြင်း စသည့် ရာသီဥတုအခြေအနေများ ဖြစ်ပွားနိုင်သည့်ကာလဖြစ်သည်။
အဆိုပါ အခြေအနေများကြောင့် လျှပ်စစ်ဓါတ်အားလိုင်းများပေါ်သို့ သစ်ပင်သစ်ကိုင်းများ လဲကျ၊ ကျိုးကျခြင်းများ ဖြစ်ပွားပြီး မလိုလားအပ်သော အချိန်ကြာမြင့်သည့် လျှပ်စစ်ဓါတ်အားပြတ်တောက်မှု မဖြစ်ပေါ်စေရေးအတွက် အရေးပေါ်သစ်ပင်ခုတ် ယာယီဓါတ်အားပိတ် လုပ်ငန်းကို ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရသည်။
မိုးကြိုကာလ ရာသီဥတုအခြေအနေအရ အရေးပေါ်သစ်ပင်ခုတ် ယာယီဓါတ်အားပိတ်လုပ်ငန်းဆောင်ရွက်ရာ၌ ဓါတ်အားပြတ်တောက်ချိန်ကြာမြင့်မှု မရှိစေရေးကို အလေးထားဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း YESC မှ အသိပေး ထုတ်ပြန်ထားသည်။
Su Mon Oo ( Mine )
==============================
ရန္ကုန္ရွိ ၿမိဳ႕နယ္မ်ားတြင္ ယေန႔ မနက္ ၉ နာရီမွ ေန႔လည္ ၁၂ နာရီထိ မီးပ်က္မည္
ဓါတ္အားလိုင္းဖီဒါမ်ားကို အေရးေပၚသစ္ပင္ခုတ္လုပ္ငန္း ေဆာင္႐ြက္ေနသည့္ ဧၿပီလ ၂၉ ရက္ေန႔ ( ဗုဒၶဟူးေန႔ ) မနက္ ၉ နာရီမွ ေန႔လည္ ၁၂ နာရီ အခ်ိန္အတြင္း၌ ရန္ကုန္တိုင္းေဒသႀကီးရွိ ေအာက္ပါၿမိဳ႕နယ္မ်ားတြင္ ယာယီ ဓာတ္အားျပတ္ေတာက္မည္ ျဖစ္ေၾကာင္း YESC မွ သိရသည္။
၁။ ဓါတ္အားပိတ္မည့္ဖီဒါ - ၆၆ ေကဗြီသာေကတ-ဒဂုံအေရွ႕
ဓါတ္အားျပတ္ေတာက္မည့္ ဧရိယာ - ဒဂုံအေရွ႕၊ ဒဂုံေတာင္၊ ဒဂုံဆိပ္ကမ္း၊ သာေကတၿမိဳ႕နယ္မ်ား
၂။ ဓါတ္အားပိတ္မည့္ဖီဒါ - ၃၃ ေကဗြီ RIR-ေတာ္ဝင္၊
ဓါတ္အားျပတ္ေတာက္မည့္ဧရိယာ - လႈိင္ၿမိဳ႕နယ္ ( ၁၀၊ ၁၁၊ ၁၂ ) ရပ္ကြက္၊ မရမ္းကုန္းၿမိဳ႕နယ္ (၂၊ ၃၊ ၄၊ ၆ ရပ္ကြက္ )
၃။ ဓါတ္အားပိတ္မည့္ဖီဒါ - ၃၃ေကဗြီ သန္လ်င္-သီလဝါ (၂)
ဓါတ္အားျပတ္ေတာက္မည့္ ဧရိယာ - သန္လ်င္၊ ေက်ာက္တန္း၊ ေက်ာက္တံတားၿမိဳ႕နယ္မ်ား
၄။ ဓါတ္အားပိတ္မည့္ ဖီဒါ - ၃၃ေကဗြီ လႈိင္သာယာ-က်န္စစ္မင္း (၁+၂)
ဓါတ္အားျပတ္ေတာက္မည့္ဧရိယာ - လႈိင္သာယာၿမိဳ႕နယ္၊ ေ႐ႊလင္ဗန္း ( ၁၅၊ ၁၆၊ ၁၄၊ ၂၀၊ ၁၈၊၁၉၊ ၂၁၊ ၂၃၊ ၂၂ ရပ္ကြက္မ်ား )
ယခုအခ်ိန္ကာလသည္ ပူျပင္းေသာ ေႏြရာသီကာလ ကုန္ဆုံးခါနီး မိုးႀကိဳကာလ ေရာက္ရွိလာခ်ိန္ျဖစ္သည့္အတြက္ မိုးသက္ေလျပင္း မုန္တိုင္းမ်ား တိုက္ခတ္ျခင္း၊ မိုးႀကိဳးပစ္ျခင္း၊
မိုးႀကိဳးလွ်ပ္စီးအႏၲရာယ္ ျဖစ္ပြားျခင္း စသည့္ ရာသီဥတုအေျခအေနမ်ား ျဖစ္ပြားႏိုင္သည့္ကာလျဖစ္သည္။
အဆိုပါ အေျခအေနမ်ားေၾကာင့္ လွ်ပ္စစ္ဓါတ္အားလိုင္းမ်ားေပၚသို႔ သစ္ပင္သစ္ကိုင္းမ်ား လဲက်၊ က်ိဳးက်ျခင္းမ်ား ျဖစ္ပြားၿပီး မလိုလားအပ္ေသာ အခ်ိန္ၾကာျမင့္သည့္ လွ်ပ္စစ္ဓါတ္အားျပတ္ေတာက္မႈ မျဖစ္ေပၚေစေရးအတြက္ အေရးေပၚသစ္ပင္ခုတ္ ယာယီဓါတ္အားပိတ္ လုပ္ငန္းကို ေဆာင္႐ြက္ရျခင္း ျဖစ္ေၾကာင္း သိရသည္။
မိုးႀကိဳကာလ ရာသီဥတုအေျခအေနအရ အေရးေပၚသစ္ပင္ခုတ္ ယာယီဓါတ္အားပိတ္လုပ္ငန္းေဆာင္႐ြက္ရာ၌ ဓါတ္အားျပတ္ေတာက္ခ်ိန္ၾကာျမင့္မႈ မရွိေစေရးကို အေလးထားေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္းလည္း YESC မွ အသိေပး ထုတ္ျပန္ထားသည္။
Su Mon Oo ( Mine )