သာကေတဓာတ်အားပေးစက်ရုံနှင့် နိုင်ငံတော်ဓာတ်အားစနစ်တို့ စမ်းသပ်ချိတ်ဆက် ဆောင်ရွက်ရမည်ဖြစ်သဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း မေလ ၁၀ ရက်နေ့ (တနင်္ဂနွေနေ့) တွင် မနက် (၉) နာရီမှ နေ့လည် (၁) နာရီအထိ မြို့နယ်တချို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မည် ဖြစ်ကြောင်း YESC မှ သိရသည်။
ထို့ကြောင့် (၃၃) ကေဗွီ မြင်တော်သာခွဲရုံ၊ သုမနခွဲရုံ၊ နဝရတ်ခွဲရုံ၊ ရှုခင်းသာခွဲရုံ၊ ဒေါပုံခွဲရုံ၊ Asia World (ဒဂုံမြောက်) ခွဲရုံနှင့် ဒဂုံတောင်ခွဲရုံတို့မှ ဓာတ်အားပေးထားသည့် သာကေတ၊ ဒေါပုံ၊ တောင်ဒဂုံရှိ ရပ်ကွက်အချို့နှင့် တောင်ဒဂုံစက်မှုဇုန် အချို့၊ စည်ပင်ပန်းဥယျာဉ် (Water Boom)၊ ဒဂုံမြောက်ရှိ ပုဂ္ဂလိကပိုင်စက်ရုံများ၊ မြင်တော်သာရှိ ပုဂ္ဂလိကပိုင်စက်ရုံများတွင် (၄) နာရီခန့် လျှပ်စစ်ဓာတ်အား ခေတ္တ ပြတ်တောက်နေမည် ဖြစ်သည်။
အဆိုပါ ဓာတ်အားပိတ်စဉ် ကာလအတွင်း ဓာတ်အားပြတ်တောက်၍ လျော့နည်းသွားသော လျှပ်စစ်ဓာတ်အားကို ဓာတ်အားစနစ်၌ တည်ငြိမ်စေရန် အခြားခွဲရုံများကိုပါ ပေါင်းစပ်၍ ထိန်းညှိမောင်းနှင်ရမည် ဖြစ်သဖြင့် ထိုသို့ ထိန်းညှိမောင်းနှင်ရန် အခြားဓာတ်အားခွဲရုံများမှ တဆင့် ဓာတ်အားများကို အဆင့်ဆင့် ပြန်လည်ပေးပို့ရမည် ဖြစ်သည်။
ထို့ကြောင့် မရမ်းကုန်း၊ လှိုင်၊ ရန်ကင်း၊ ဗဟန်း၊ တာမွေ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ပုဇွန်တောင်၊ ဗိုလ်တထောင် ၊ ကျောက်တံတား၊ မင်္ဂလာတောင်ညွန့်၊ ပန်းဘဲတန်း၊ အရှေ့ဒဂုံနှင့် တောင်ဒဂုံမြို့နယ်ရှိ ရပ်ကွက်အချို့/အိမ်ရာများတွင်လည်း လျှပ်စစ်ဓာတ်အား နာရီဝက်ခန့် ပြတ်တောက်နေမည် ဖြစ်ကြောင်း သိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အများပြည်သူ ဓာတ်အားသုံးစွဲနိုင်ရန်အတွက် ၂၀၂၀ ပြည့်နှစ်၊ မေလ အတွင်း မဂ္ဂါဝပ် ( ၃၅၃၂ ) ခန့်အား ထုတ်လုပ်ပေးလျက် ရှိသည်။
လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက်ဖြန့်ဖြူးနိုင်ရန်နှင့် ဓာတ်အားစနစ်ပိုမို တည်ငြိမ်စွာ ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ( ၁၁၆၆ ) မဂ္ဂါဝပ်ထွက်ရှိမည့် ဓာတ်အားပေးစက်ရုံများ တိုးချဲ့ ဆောင်ရွက်လျက် ရှိပြီး လက်ရှိတွင် အသစ်ထပ်မံတည်ဆောက်နေသည့် ဓာတ်အားပေးစက်ရုံများအနက်မှ သာကေတဓာတ်အားပေးစက်ရုံ ( ၄၀၀ မဂ္ဂါဝပ် ) မှာ မကြာမီ ဆောင်ရွက် ပြီးစီးတော့မည်ဖြစ်၍ နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် စမ်းသပ်ချိတ်ဆက် မောင်းနှင်နိုင်ရေး စီစဉ်လျက် ရှိသည်။
Su Mon Oo ( Mine )
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
==============================
ရန္ကုန္ရွိ ၿမိဳ႕နယ္ (၁၈) ခုတြင္ ေမလ ၁၀ ရက္ေန႔ ( မနက္ျဖန္ ) မီးထပ္ပ်က္မည္
သာေကတဓာတ္အားေပးစက္႐ုံႏွင့္ ႏိုင္ငံေတာ္ဓာတ္အားစနစ္တို႔ စမ္းသပ္ခ်ိတ္ဆက္ ေဆာင္႐ြက္ရမည္ျဖစ္သျဖင့္ ရန္ကုန္တိုင္းေဒသႀကီးအတြင္း ေမလ ၁၀ ရက္ေန႔ (တနဂၤေႏြေန႔) တြင္ မနက္ (၉) နာရီမွ ေန႔လည္ (၁) နာရီအထိ ၿမိဳ႕နယ္တခ်ိဳ႕တြင္ လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္မည္ ျဖစ္ေၾကာင္း YESC မွ သိရသည္။
ထို႔ေၾကာင့္ (၃၃) ေကဗြီ ျမင္ေတာ္သာခြဲ႐ုံ၊ သုမနခြဲ႐ုံ၊ နဝရတ္ခြဲ႐ုံ၊ ရႈခင္းသာခြဲ႐ုံ၊ ေဒါပုံခြဲ႐ုံ၊ Asia World (ဒဂုံေျမာက္) ခြဲ႐ုံႏွင့္ ဒဂုံေတာင္ခြဲ႐ုံတို႔မွ ဓာတ္အားေပးထားသည့္ သာေကတ၊ ေဒါပုံ၊ ေတာင္ဒဂုံရွိ ရပ္ကြက္အခ်ိဳ႕ႏွင့္ ေတာင္ဒဂုံစက္မႈဇုန္ အခ်ိဳ႕၊ စည္ပင္ပန္းဥယ်ာဥ္ (Water Boom)၊ ဒဂုံေျမာက္ရွိ ပုဂၢလိကပိုင္စက္႐ုံမ်ား၊ ျမင္ေတာ္သာရွိ ပုဂၢလိကပိုင္စက္႐ုံမ်ားတြင္ (၄) နာရီခန႔္ လွ်ပ္စစ္ဓာတ္အား ေခတၱ ျပတ္ေတာက္ေနမည္ ျဖစ္သည္။
အဆိုပါ ဓာတ္အားပိတ္စဥ္ ကာလအတြင္း ဓာတ္အားျပတ္ေတာက္၍ ေလ်ာ့နည္းသြားေသာ လွ်ပ္စစ္ဓာတ္အားကို ဓာတ္အားစနစ္၌ တည္ၿငိမ္ေစရန္ အျခားခြဲ႐ုံမ်ားကိုပါ ေပါင္းစပ္၍ ထိန္းညႇိေမာင္းႏွင္ရမည္ ျဖစ္သျဖင့္ ထိုသို႔ ထိန္းညႇိေမာင္းႏွင္ရန္ အျခားဓာတ္အားခြဲ႐ုံမ်ားမွ တဆင့္ ဓာတ္အားမ်ားကို အဆင့္ဆင့္ ျပန္လည္ေပးပို႔ရမည္ ျဖစ္သည္။
ထို႔ေၾကာင့္ မရမ္းကုန္း၊ လႈိင္၊ ရန္ကင္း၊ ဗဟန္း၊ တာေမြ၊ ေတာင္ဥကၠလာပ၊ သဃၤန္းကြၽန္း၊ ပုဇြန္ေတာင္၊ ဗိုလ္တေထာင္ ၊ ေက်ာက္တံတား၊ မဂၤလာေတာင္ၫြန႔္၊ ပန္းဘဲတန္း၊ အေရွ႕ဒဂုံႏွင့္ ေတာင္ဒဂုံၿမိဳ႕နယ္ရွိ ရပ္ကြက္အခ်ိဳ႕/အိမ္ရာမ်ားတြင္လည္း လွ်ပ္စစ္ဓာတ္အား နာရီဝက္ခန႔္ ျပတ္ေတာက္ေနမည္ ျဖစ္ေၾကာင္း သိရသည္။
လွ်ပ္စစ္ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနမွ အမ်ားျပည္သူ ဓာတ္အားသုံးစြဲႏိုင္ရန္အတြက္ ၂၀၂၀ ျပည့္ႏွစ္၊ ေမလ အတြင္း မဂၢါဝပ္ ( ၃၅၃၂ ) ခန႔္အား ထုတ္လုပ္ေပးလ်က္ ရွိသည္။
လွ်ပ္စစ္ဓာတ္အား ပိုမိုတိုးတက္ျဖန႔္ျဖဴးႏိုင္ရန္ႏွင့္ ဓာတ္အားစနစ္ပိုမို တည္ၿငိမ္စြာ ထိန္းသိမ္းေဆာင္႐ြက္ႏိုင္ရန္အတြက္ ( ၁၁၆၆ ) မဂၢါဝပ္ထြက္ရွိမည့္ ဓာတ္အားေပးစက္႐ုံမ်ား တိုးခ်ဲ႕ ေဆာင္႐ြက္လ်က္ ရွိၿပီး လက္ရွိတြင္ အသစ္ထပ္မံတည္ေဆာက္ေနသည့္ ဓာတ္အားေပးစက္႐ုံမ်ားအနက္မွ သာေကတဓာတ္အားေပးစက္႐ုံ ( ၄၀၀ မဂၢါဝပ္ ) မွာ မၾကာမီ ေဆာင္႐ြက္ ၿပီးစီးေတာ့မည္ျဖစ္၍ ႏိုင္ငံေတာ္ဓာတ္အားစနစ္ျဖင့္ စမ္းသပ္ခ်ိတ္ဆက္ ေမာင္းႏွင္ႏိုင္ေရး စီစဥ္လ်က္ ရွိသည္။
Su Mon Oo ( Mine )
လွ်ပ္စစ္ႏွင့္စြမ္းအင္ဝန္ႀကီးဌာန