ဟုံဟိုင်းဓါတ်အားခွဲရုံတွင် အရေးပေါ်ပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်ရမည် ဖြစ်သဖြင့် ရန်ကုန်မြို့အတွင်းရှိ မြို့နယ် (၈) ခုတွင် ဧပြီလ ၂၉ ရက်နေ့ မနက် ၁၂ နာရီမှ ၁ နာရီအချိန်အတွင်း မီးပျက်မည် ဖြစ်ကြောင်း YESC မှ သိရသည်။
ထိုသို့ အရေးပေါ်ပြုပြင်ခြင်း ဆောင်ရွက်နေစဉ်အတွင်း ယာယီ ဓာတ်အားပြတ်တောက်နေမည့် မြို့နယ်များမှာ အလုံ၊ ဒဂုံ၊ကြည်မြင်တိုင်၊ စမ်းချောင်း၊ ဗဟန်း၊ လသာ၊ လမ်းမတော်နှင့် ပန်းဘဲတန်းမြို့နယ်တို့ ဖြစ်သည်။
ဟုံဟိုင်းဓာတ်အားခွဲရုံ၏ 33kV Bus အဝင်အလုံ GT 2 Feeder Boltnut Redhot အပြစ်ဖြစ်သွားခြင်း ဖြစ်ပြီး အရေးပေါ်ပြုပြင်ခြင်းလုပ်ငန်းအား 33kV Bus Shutdown အရေးပေါ်ဓာတ်အားပိတ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။
Su Mon Oo ( Mine )
==============================
ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ရန်ကုန်ရှိ မြို့နယ်တချို့တွင် မီးပျက်မည်
Su Mon Oo ( Mine )