အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အား သုံးစွဲမှု ( ၁၅၀ ) ယူနစ်အထိကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် ( အခမဲ့ ) ပေးသွားမည် ဖြစ်ကြောင်း အစိုးရမှ ဧပြီလ ၆ ရက်နေ့က သတင်းထုတ်ပြန်လိုက်သည်။
ပြည်သူများ၊ ဘာသာရေးအဖွဲ့အစည်းများနှင့် ပြည်တွင်းလူမှုရေး အဖွဲ့အစည်းများအတွက်သာ ဖြစ်ပြီး သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ မပါဝင်ကြောင်း သိရသည်။
အဆိုပါ လျှပ်စစ်ဓာတ်အား သုံးစွဲမှု မီတာခ (၁၅၀) ယူနစ် အခမဲ့ ကင်းလွတ်ခွင့်ကို ဧပြီလကုန်အထိ ပေးသွားမည် ဖြစ်သည်။
Su Mon Oo ( Mine )
Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ