Yangon Trend

နှစ်လစာအတွက် မီတာခ စုစုပေါင်း ( ၂၂၅ ) ယူနစ်အထိ အခမဲ့ ပေးသွားမည်

Read 7466 times

မေလ (၁) ရက်မှ (၁၅) ရက်အထိ ကာလအတွင်း ပြည်သူများ၊ ဘာသာရေးအဖွဲ့ အစည်းများနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ ( သံရုံးများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့ အစည်းများမပါ ) အတွက် အိမ်သုံးအမျိုးအစား လျှပ်စစ်ဓာတ်အားသုံးစွဲမှု (၇၅) ယူနစ်အထိကို ငွေကြေးကောက်ခံမှု ကင်းလွတ်ခွင့် (အခမဲ့) ထပ်မံပေးသွားမည် ဖြစ်ကြောင်း YESC မှ သိရသည်။

အိမ်သုံးအမျိုးအစား လျှပ်စစ်မီးသုံးစွဲသူများမှ (၇၆) ယူနစ်နှင့်အထက် သုံးစွဲမှုများအား အလွှာလိုက် သတ်မှတ်ချက် နှုန်းထားများအတိုင်း ပေးဆောင်ရမည် ဖြစ်ပြီး ကင်းလွတ်ခွင့် မပြုထားသည့် ကျန်သုံးစွဲသူများ အားလုံးသည် ယခင်သတ်မှတ်နှုန်းထားများအတိုင်း ပေးဆောင်ရမည် ဖြစ်သည်။

ပထမအကြိမ်တွင် ဧပြီလအတွင်း သုံးစွဲသော မီတာခကို (၁၅၀) ယူနစ်အထိ ကင်းလွတ်ခွင့်ပြုခဲ့ပြီး ယခုအခါ မေလ ၁ ရက်မှ ၁၅ ရက်အတွင်း သုံးစွဲသော မီတာခကို (၇၅) ယူနစ်အထိ ထပ်မံ ကင်းလွတ်ခွင့်ပြုခြင်း ဖြစ်ကာ စုစုပေါင်း နှစ်လစာအတွက် ( ၂၂၅ ) ယူနစ် အခမဲ့ ရရှိပြီ ဖြစ်သည်။

Coronavirus Disease ရောဂါ ကာကွယ် ထိန်းချုပ် တားဆီးရေးအတွက် ဧပြီလ ၃၀ ရက်နေ့အထိ ထုတ်ပြန်ထားသော အမိန့်၊ အမိန့်ကြော်ငြာစာ၊ ပြည်သူသို့ပန်ကြားချက်၊ ညွှန်ကြားချက်များကို လာမည့် မေလ ၁၅ ရက်နေ့အထိ ရက်တိုးမြှင့် သတ်မှတ် ဆောင်ရွက်ခြင်း ဖြစ်သည်။

လက်ရှိတွင် မတ်လအတွက် ဧပြီလတွင် ပေးဆောင်ရမည့် မီတာခများကို မေလ (၂၀) ရက်နေ့ထိ နောက်ဆုံးထား ပေးဆောင်ရန် ရက်ထပ်မံ တိုးမြှင့်ပေးထားပြီး ဧပြီလအတွက် မေလတွင် ပေးဆောင်ရမည့် မီတာခများ ပေးသွင်းရမည့် နောက်ဆုံးရက်ကို ထပ်မံ ကြေညာပေးမည် ဖြစ်ကြောင်း သိရသည်။

Su Mon Oo ( Mine )

==============================

ႏွစ္လစာအတြက္ မီတာခ စုစုေပါင္း ( ၂၂၅ ) ယူနစ္အထိ အခမဲ့ ေပးသြားမည္

ေမလ (၁) ရက္မွ (၁၅) ရက္အထိ ကာလအတြင္း ျပည္သူမ်ား၊ ဘာသာေရးအဖြဲ႕ အစည္းမ်ားႏွင့္ ျပည္တြင္းလူမႈေရးအဖြဲ႕အစည္းမ်ား ( သံ႐ုံးမ်ား၊ ကုလသမဂၢႏွင့္ ႏိုင္ငံတကာအဖြဲ႕ အစည္းမ်ားမပါ ) အတြက္ အိမ္သုံးအမ်ိဳးအစား လွ်ပ္စစ္ဓာတ္အားသုံးစြဲမႈ (၇၅) ယူနစ္အထိကို ေငြေၾကးေကာက္ခံမႈ ကင္းလြတ္ခြင့္ (အခမဲ့) ထပ္မံေပးသြားမည္ ျဖစ္ေၾကာင္း YESC မွ သိရသည္။

အိမ္သုံးအမ်ိဳးအစား လွ်ပ္စစ္မီးသုံးစြဲသူမ်ားမွ (၇၆) ယူနစ္ႏွင့္အထက္ သုံးစြဲမႈမ်ားအား အလႊာလိုက္ သတ္မွတ္ခ်က္ ႏႈန္းထားမ်ားအတိုင္း ေပးေဆာင္ရမည္ ျဖစ္ၿပီး ကင္းလြတ္ခြင့္ မျပဳထားသည့္ က်န္သုံးစြဲသူမ်ား အားလုံးသည္ ယခင္သတ္မွတ္ႏႈန္းထားမ်ားအတိုင္း ေပးေဆာင္ရမည္ ျဖစ္သည္။

ပထမအႀကိမ္တြင္ ဧၿပီလအတြင္း သုံးစြဲေသာ မီတာခကို (၁၅၀) ယူနစ္အထိ ကင္းလြတ္ခြင့္ျပဳခဲ့ၿပီး ယခုအခါ ေမလ ၁ ရက္မွ ၁၅ ရက္အတြင္း သုံးစြဲေသာ မီတာခကို (၇၅) ယူနစ္အထိ ထပ္မံ ကင္းလြတ္ခြင့္ျပဳျခင္း ျဖစ္ကာ စုစုေပါင္း ႏွစ္လစာအတြက္ ( ၂၂၅ ) ယူနစ္ အခမဲ့ ရရွိၿပီ ျဖစ္သည္။

Coronavirus Disease ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ တားဆီးေရးအတြက္ ဧၿပီလ ၃၀ ရက္ေန႔အထိ ထုတ္ျပန္ထားေသာ အမိန႔္၊ အမိန႔္ေၾကာ္ျငာစာ၊ ျပည္သူသို႔ပန္ၾကားခ်က္၊ ၫႊန္ၾကားခ်က္မ်ားကို လာမည့္ ေမလ ၁၅ ရက္ေန႔အထိ ရက္တိုးျမႇင့္ သတ္မွတ္ ေဆာင္႐ြက္ျခင္း ျဖစ္သည္။

လက္ရွိတြင္ မတ္လအတြက္ ဧၿပီလတြင္ ေပးေဆာင္ရမည့္ မီတာခမ်ားကို ေမလ (၂၀) ရက္ေန႔ထိ ေနာက္ဆုံးထား ေပးေဆာင္ရန္ ရက္ထပ္မံ တိုးျမႇင့္ေပးထားၿပီး ဧၿပီလအတြက္ ေမလတြင္ ေပးေဆာင္ရမည့္ မီတာခမ်ား ေပးသြင္းရမည့္ ေနာက္ဆုံးရက္ကို ထပ္မံ ေၾကညာေပးမည္ ျဖစ္ေၾကာင္း သိရသည္။

Su Mon Oo ( Mine )

Bookmark