၂၀၂၀ခုနှစ် နိုဝင်ဘာလ ၁၈ရက်နေ့ နံနက် (၀၉း၄၅) နာရီ အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အချို့သော မြို့နယ်နေရာများတွင် ယာယီဓာတ်အားပြတ်တောက်ခြင်း ဖြစ်ပေါ်ခဲ့သည်။
ပြတ်တောက်ရသည့် အကြောင်းအရင်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားပေးထားသော ဓာတ်အားပေးစက်များဖြစ်သည့် (230kV) ဓာတ်အားလိုင်းများ Under Frequency ဖြင့် ဓာတ်အားပို့လွှတ်မှု ကျဆင်းသွားခဲ့ခြင်းကြောင့် မြို့နယ်အချို့ ယာယီဓာတ်အားဖြတ်တောက်လိုက်ခြင်းဖြစ်သည်။
သို့သော် ရန်ကုန်တိုင်းအတွင်း လျှပ်စစ်ဓာတ်အား အမြန်ပြန်လည်ပို့လွှတ်နိုင်ရေးအတွက် ရန်ကုန်တိုင်းအတွင်းရှိ ဓာတ်အားပေးစက်များမှ ဓာတ်အားများကို ရန်ကုန်ဓာတ်အားစနစ်ဌာနနှင့် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အချိန်နှင့် တစ်ပြေးညီဆောင်ရွက်ပေးခဲ့ရာ မနက် ၁၀း၀၅ နာရီအချိန်ခန့်တွင် ဓာတ်အားကို ပြန်လည်ရယူနိုင်ခဲ့ပါသည်။
ယခုအခါ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်အားပြတ်တောက်ခဲ့ရသော မြို့နယ်နေရာများကို တစ်ဆင့်ပြီး တစ်ဆင့် ဓာတ်အားပို့လွှတ်ပေးလျက်ရှိပါသည်။
ထို့ကြောင့် Under Frequencyဖြစ်ပြီး လျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့ရခြင်းကို နားလည်ခွင့်လွှတ်ပေးကြပါရန် ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားပါသည်။