တိုးတက်လာတဲ့ ITခေတ်ကြီးမှာ Mobile Banking သုံးစွဲမှုဟာ အရှိန်အဟုန်နဲ့ မြင့်တက်လျက်ရှိပါတယ်။ ဒါ့ကြောင့် လက်ထဲ ငွေသားထားရှိမှုက လျော့နည်းလာပြီး Banking System နဲ့ပဲ ငွေကြေးတွေက လည်ပတ်မှုရှိနေပါတယ်။
အကြောင်းကိစ္စတစ်ခုခုကြောင့် Bank ကပိုက်ဆံထုတ်ဖို့ သို့မဟုတ် Mobile Banking ကနေ ပိုက်ဆံထုတ်ဖို့ လိုအပ်လာရင် ထုတ်ရခက်ခဲနေတာက ခေါင်းကိုက်စရာတစ်ခုပါ။ ဒီလိုခေါင်းကိုက်စရာတွေက နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရရင် ဖြေရှင်းဖို့ နည်းလမ်းရှာကြရပါမယ်။ ဒါဆို ဘယ်လိုဖြေရှင်းကြမလဲ?



ခုနောက်ပိုင်းက ငွေကြေးလိုအပ်မှု မြင့်တက်လာတာကြောင့် Bank တွေမှာ ငွေကြေးထုတ်ယူမှုနဲ့ ATM တွေမှာ ငွေထုတ်ယူမှုတွေက ကြပ်တည်းလာပါတယ်။ ဒီကြပ်တည်းမှုကို တစ်ခါတည်းအပြီးပြတ်တော့ မဖြေရှင်းနိုင်ပေမယ့် တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ ပြေလည်သွားနိုင်ပါတယ်။
ငွေသားထုတ်ဖို့ကို % တွေပေးပြီး ထုတ်ယူနေရတာက မမျှော်လင့်ထားတဲ့ ငွေကြေးဆုံးရှုံးမှု အချို့ကို ရင်ဆိုင်လာရတဲ့အတွက် Tips အချို့ကို မျှဝေပေးချင်ပါတယ်။ မြန်မာနိုင်ငံမှာ အဓိကလူသုံးများတဲ့ Bank တွေက KBZ၊ AYA၊ CB ဖြစ်ပြီး Mobile Payment အနေနဲ့ Kpay၊ OK Dollar စသဖြင့် အမျိုးမျိုးရှိပါတယ်။

KBZ Bank
KBZ Bank ကထုတ်ရခက်တဲ့ သူတွေအတွက် ကတော့ KBZ ကနေ Wave Money ကို Quick Pay နဲ့ ထည့်လို့ရပြီး Wave Money နဲ့ Yoma ချိတ်ထားရင် Yoma ကဒ်နဲ့ ATM ကထုတ်လို့ရပါတယ်။ Charges အနေနဲ့ ပေးဆောင်စရာမလိုအပ်ပါဘူး။ KBZ ကနေ MAB၊ UAB၊ Yoma ကိုတန်းလွှဲလို့လည်း ရပါသေးတယ်။
AYA Bank
AYA မှတခြားဘဏ်ကို ibanking ကနေ Interbank Transfer နဲ့ပြောင်းလို့ရပါတယ်။ Charges က One Transaction ကို နှစ်ထောင်ကျပ် ပေးဆောင်ရမှာ ဖြစ်ပါတယ်။ AYA Bank Accountနဲ့ AYA pay ချိတ်ထားပြီး Max ဆီဆိုင်တွေမှာ ငွေသားထုတ်လို့ရတယ်။
CB Bank
CB Pay ကနေ OK Dollar ကိုထည့်ပြီး One Stop Mart တွေမှာ နှစ်သိန်း ထုတ်လို့ရပါတယ်။ CB Pay ကနေ OK Dollar ကို မထည့်တတ်တဲ့ သူတွေအတွက်ကတော့ ပထမဆုံး ဘေလ်ပေးရန်ထဲကနေ Mobile Banking ကိုရွေးလိုက်ပြီး OK Dollar၊ M Pite san၊ Mytel Pay၊ MPT Pay ဆိုပြီးတွေ့ရင် OK Dollar ကိုရွေးလိုက်ရင်ရပါပြီ။ နောက်ပြီး CB Pay ကနေ KBZ၊ AYA ဆီကိုလွှဲလို့ရပါသေးတယ်။

Kpay ထဲ MPU Ecommerce Cardနဲ့ Cash in ထည့်လို့ရပါတယ်။ One Pay နဲ့လည်း MPU Ecommerce Card ရှိရင် အချင်းချင်း ငွေပြောင်းငွေလွှဲ လုပ်လို့ရပါတယ်။ အခုနောက်ပိုင်း ရန်ကုန်က ဆိုင်တော်တော်များများက Mobile Payment တွေ လက်ခံနေပြီဖြစ်လို့ ငွေရှင်းရင် ငွေသားနဲ့မရှင်းဘဲ Pay တွေနဲ့ ရှင်းလို့ရပါတယ်။
Wave Money ထုတ်မယ့်သူတွေအနေနဲ့ Online Booking တင်ပြီးသမိုင်း City Mart မှာ Money exchange ကောင်တာကနေ % ပေးစရာမလိုဘဲ ငွေထုတ်ယူနိုင်ပါတယ်။