Health

Covid-19 ဓာတ်ခွဲအတည်ပြုလူနာ C-4 သွားလာ နေထိုင်ခဲ့သော ခရီးနေရာများ

Read 403 times

ချမ်းမြသာစည်မြို့နယ်၊ မန္တလေးတိုင်းဒေသကြီး (ကန်တော်နဒီဆေးရုံ) - မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သော အမေရိကန်နိုင်ငံသား ခံယူထားသော မြန်မာလူမျိုး၊ အသက် (၃၃) နှစ်ရွယ် အမျိုးသားတစ်ဦးသည် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ (၁၉-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီတွင် ပြန်လည် ရောက်ရှိခဲ့ပါသည်။

(၂၂-၃-၂၀၂၀) ရက်နေ့မှစတင်၍ ဖျားခြင်း၊ ချောင်ဆိုးခြင်း၊ မောပန်းခြင်း လက္ခဏာများ ခံစားခဲ့ရသဖြင့် (၂၅-၃-၂၀၂၀) ရက်နေ့တွင် မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ လာရောက်ပြသခဲ့ရာ ကန်တော်နဒီဆေးရုံသို့ လွှဲပြောင်း၍ စောင့်ကြည့်လူနာအဖြစ် သီးသန့်ခန်းတွင် ထားရှိ၍ ကုသမှုပေးလျက်ရှိပါသည်။ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သို့ ပေးပို့စစ်ဆေးခဲ့ရာ (၂၆-၃-၂၀၂၀) ရက်နေ့တွင် စစ်ဆေးခဲ့သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိ (တွေ့ရှိ) ရပါသည်။

အဆိုပါလူနာသည် အမေရိကန်နိုင်ငံမှ ဒိုဟာသို့ Qatar Airline ဖြင့်လည်းကောင်း၊ ဒိုဟာမှ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ (၁၉-၃-၂၀၂၀)ရက်နေ့၊ ညနေ (၆) နာရီတွင် Qatar Airline (QR – 916) ဖြင့်လည်းကောင်း ထွက်ခွာလာခဲ့ပါသည်။

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့ပြီး တောင်ဥက္ကလာ မြို့နယ်တွင် တစ်ညအိပ်နေထိုင်ခဲ့ကြောင်း (၂၀-၃-၂၀၂၀) ရက်နေ့၊  ည(၁၀)နာရီတွင် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ ခိုင်မန္တလေး အဝေးပြေးမှန်လုံယာဉ်ဖြင့် သွားရောက်ခဲ့ပြီး ကားဂိတ်မှ ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်သို့ မီနီအိုးဝေယာဉ်ဖြင့် သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။

MOHS

Bookmark