Health

Covid-19 ဓာတ်ခွဲအတည်ပြုလူနာ C-3 သွားလာ နေထိုင်ခဲ့သော ခရီးနေရာများ

Read 1985 times

အဆိုပါ လူနာသည် (၂၀-၃-၂၀၂၀) ရက်နေ့တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှ ဒိုဟာသို့ Qatar Airline (0010 H) ဖြင့်လည်းကောင်း၊ ဒိုဟာမှ ဘန်ကောက်သို့ Qatar Airline (0830 H) ဖြင့်လည်းကောင်း ထွက်ခွာလာခဲ့ပါသည်။

(၂၁-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘုမိလေဆိပ်မှ မြန်မာနိုင်ငံသို့ PG 701 ဖြင့် စီးနင်းလိုက်ပါလာခဲ့ရာ (၂၁-၃-၂၀၂၀) ရက်နေ့၊ နံနက် (၉:၄၅) တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပါသည်။

လေဆိပ်မှ အင်းစိန်မြို့နယ်ရှိ ၎င်း၏နေအိမ်သို့ အငှားယာဉ်ဖြင့် သွားရောက်ခဲ့ပြီး နေအိမ်တွင် မိသားစုဝင် (၇) ဦးနှင့် အတူနေထိုင်ခဲ့ကြောင်း သိရှိရပါသည်။

(၂၂-၃-၂၀၂၀) ရက်နေ့၊ နေ့လယ်ပိုင်းတွင် အင်းစိန်မြို့နယ်ရှိ Hair Saloon သို့ သွားရောက်ခဲ့ကြောင်း သိရှိရပါသည်။

အနီးကပ် ထိတွေ့ခဲ့သူ မိသားစုဝင် (၂) ဦးအား ဆေးရုံတွင် စောင့်ကြပ်ကြည့်ရှု၍ ကျန်ထိတွေ့ သူ (၉) ဦးအား နေအိမ်တွင် အသွားအလာကန့်သတ်ခြင်းအား တင်းကြပ်စွာ ဆောင်ရွက်ထားရှိပြီး စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

(၂၃-၃-၂၀၂၀) ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း စသည့်ရောဂါလက္ခဏာများ စတင်ခံစားခဲ့ရသဖြင့် အင်းစိန်အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်ပြသခဲ့ရာ စောင့်ကြည့် လူနာအဖြစ်သတ်မှတ်၍ သီးခြားထားရှိ ကုသမှုပေးခဲ့ပြီး (၂၅-၃-၂၀၂၀) ရက်နေ့တွင် ဝေဘာဂီ အထူးကုဆေးရုံကြီးသို့ လွှဲပြောင်း၍ သီးခြားထားရှိ ကုသမှုပေးလျက်ရှိပါသည်။

MOHS

Bookmark