Travel

Covid ကာလ လွန်မြောက်ရင် သွားကိုသွားသင့်တဲ့ ပြည်တွင်းခရီးစဉ်များ

Read 1380 times

By WMMH (Mizzy)

Covid 19 ကတော့ ၂၀၂၀ ခုနှစ်ရဲ့ အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ ၃ လကျော်နီးပါး လူတွေ အိမ်ထဲမှာ နေခဲ့ကြရတယ်၊ ဆိုင်တွေပိတ်ထားခဲ့ရပြီး လုပ်ငန်းတစ်ချို့ ရပ်တန့်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီအိပ်မက်ဆိုးကြီးက မကြာခင် လွန်မြောက်တော့မှာပါ။
Covid ကြီးပြီးရင် တစ်ဆင့်ခံထားတဲ့ Mask မပါဘဲ မြို့ပြရဲ့ လေထုကို တစ်ဝကြီး ရှူရှိူက်ကြမယ်။ ညဘက်တွေမှာ သူငယ်ချင်းတွေ စုပြီး Night Out ကြမယ်။ နောက်ပြီး တစ်မြို့နဲ့တစ်မြို့ ကို သံသယကင်းကင်း ခရီးထွက်ကြမယ်လေ။ ခရီးသွားဖို့အတွက် အရင်က မရောက်ဖူးခဲ့တဲ့ ခရီးတွေရော ရောက်ဖူးပြီးသားကိုမှ ထပ်သွားချင်ကြတဲ့ ခရီးတွေကိုရော စာရင်းပြုစုထားပြီးကြပြီလား? မပြီးသေးဘူးဆိုရင်တော့ Covid ပြီးတာနဲ့ သွားကိုသွားသင့်တဲ့ ပြည်တွင်း ခရီးစဉ်အချို့ကို အောက်မှာ ပြောပြပေးထားပါတယ်နော်။

(၁) ကယားပြည်နယ် ဆင်ဖြူတောင်
ကယားပြည်နယ် ဖရူဆိုမြို့နယ် ခေါဘာရွာအနားမှာ တည်ရှိတဲ့ ဆင်ဖြူတောင်ဟာ မြန်မာပြည်ရဲ့ Little နယူးဇီလန် လို့ တင်စားကြတဲ့ အထိ သာယာလှပတဲ့ နေရာလေးတစ်ခု ဖြစ်ပါတယ်။
ဘယ်လောက်တောင် လှလိုက်သလဲဆိုရင် တောင်ကတုံးပေါ်မှာ ကွေ့ကောက်နေတဲ့ လမ်းလေးကို မြင်တွေ့နေရတာကိုက ကဗျာဆန်နေတာပါနော်။ သဘာဝအလှတွေ ပြည့်စုံနေတဲ့နေရာမို့ စိတ်အပန်းအောင် သွားလည်သင့်တဲ့ ခရီးတစ်ခုပါပဲ။

 

(၂) ပူတာအိုမြို့
ပူတာအိုလို့ ဆိုလိုက်တာနဲ့ မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး ခါကာဘိုရာဇီတောင်ကြီးကို မြင်မိကြမယ်ထင်ပါတယ်။ ရေခဲတောင်တွေ ရှိတဲ့ အရပ်မို့ အင်မတန်အေးချမ်းပြီး နေချင်စဖွယ်ကောင်းတဲ့ အပြင် တိုင်ရင်းသားလူမျိုးစုတွေရဲ့ ချစ်စရာကောင်းတဲ့ နေထိုင်ပုံတွေကိုပါ မြင်တွေ့နိုင်မယ့် မြို့လေးတစ်မြို့ပါပဲ။ ဒါ့အပြင် ထူးခြားတဲ့ ငှက်အမျိုးအစားတွေနဲ့ ရှားပါး သစ်ခွမျိုးစိတ် ဖြစ်တဲ့ သစ်ခွနက်မျိုးကိုလည်း ပူတာအိုမြို့မှာ တွေ့ရှိနိုင်ပါသေးတယ်။ နာမည်အကြီးဆုံးနဲ့ အလှဆုံးကတော့ သဘာဝအတိုင်း အသည်းနှလုံးပုံ ဖြစ်နေတဲ့ ရေကန်ကြီးပါပဲ။

 

(၃) ဂွမြို့အကျော်က လောင်းကျိုးကမ်းခြေ
ဒီကမ်းခြေလေးက လူသိတာ သိပ်မကြာသေးသလို Luxury Hotel ကြီးတွေ မရှိသေးလို့
နေရာမရွေးတတ်တဲ့သူ၊ အစားအသောက်မရွေးတတ်သူတွေသာ အဆင်ပြေမယ့် နေရာလေးပါ။ သဘာဝဆန်ပြီး ရေတွေ ကြည်လင်နေတဲ့ ကမ်းခြေကြီးနဲ့ ဖြူလွှနေတဲ့ သဲသောင်ပြင်ကတော့ တစ်ကယ်ကို သွားရကြိုးနပ်လောက်အောင် ရင်သပ်ရှူမောရမှာပါ။ ပတ္တမြူလို့ခေါ်တဲ့ ထူးဆန်းပြီး လှပတဲ့ ရေပိုးစုန်းကြူးလေးတွေရယ်၊ နေဝင်ချိန်နဲ့ အလိုက်ဖက်ဆုံး ဖြစ်တဲ့ ဓနိရည်ရယ်၊ သဲသောင်ပြင်ကမ်းခြေဘေးက ညစာရယ် စတာတွေကို တဝကြီး ခံစားလို့ရမယ့် နေရာတစ်ခုပါပဲ။

 

(၄) ကလော Trekking
မနက်အိပ်မက်ကနေနိုးလာရာက ထပ်မံပြီး အိပ်မက်ဆန်တဲ့ မနက်ခင်းတစ်ခုကို လက်တွေ့ခံစားချင်တယ်ဆိုရင်တော့ ကလောမြို့ရဲ့ မနက်ခင်းက အလှပဆုံးပါပဲနော်။ တိမ်တိုက်တွေ၊ တောင်တန်းတွေကြားက အေးစိမ့်စိမ့်သဘာဝတရားကြီးကိုတော့ Trekking သွားရင်း တမေ့တမော ကြည့်ရှုနိုင်မှာ အသေအချာပါပဲ။ Trekking သွားခြင်းက ကျန်းမာရေးအတွက်လည်း အထောက်အကူပြုတဲ့အပြင် ကိုယ့်အားကိုယ်ကိုးတတ်တဲ့ စိတ်၊ ရိုင်းပင်းကူညီတတ်တဲ့ စိတ် စတဲ့ ကောင်းမွန်တဲ့စိတ်နှလုံးတွေကို နှိုးဆွပေးနိုင်တာကြောင့် Covid ပြီးရင် မဖြစ်မနေ သွားသင့်တဲ့ ခရီးတစ်ခုပါ။


(၅) ငပလီကမ်းခြေ
အသက်ဝအောင် မရှူရတာ ကြာပြီဆိုတော့ လေကောင်းလေသန့်လည်းရ၊ မွန်းကြပ်နေတဲ့ စိတ်တွေလည်း ပြန်လည်လန်းဆန်းဖို့ ကမ်းခြေက အသင့်တော်ဆုံးပါပဲနော်။ ကမ်းခြေတွေများစွာရှိတဲ့ အထဲကမှ ငပလီကမ်းခြေဟာ မြို့ပြနဲ့ ဝေးတဲ့ သဘာဝအလှအပတွေကို တစ်ဝကြီး ခံစားလို့ရတဲ့အပြင် အစားအသောက်တွေကလည်း စားဖူးသူတိုင်း တသသ စွဲမက်လောက်စရာ အရသာတွေချည်းပဲမို့ လူရောစိတ်ရော အပန်းပြေဖို့ သွားသင့်တဲ့ နေရာတစ်ခုပါပဲနော်။


(၆) ပုဂံ
သမိုင်းဝင် ရှးဟောင်းနယ်မြေတစ်ခုဖြစ်တဲ့ ပုဂံကိုတော့ လူတိုင်းလိုလို ရောက်ဖူးကြမှာပါ။ အခုလိုကာလမှာဆိုရင် ပုဂံမြေကို ပိုလို့တောင် လွမ်းနေကြမယ်ထင်ပါတယ်။ မြန်မာတို့ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်းအမွေအနှစ် နယ်မြေတစ်ခုဖြစ်တဲ့ ပုဂံမြေကိုလည်း Covid ကာလကြီးပြီးရင် သွားလည်သင့်တဲ့ နေရာတစ်ခုအဖြစ် စာရင်းပြုစုထားလိုက်ပါတယ်နော်။


ခရီးသွားဖို့အတွက် Travel & tour များနဲ့ Hotel လိပ်စာများကိုတော့ အောက်ပါ Link များတွင် ကြည့်ရှုနိုင်ပါတယ်။ 

Air Ticket Services Link

https://bit.ly/3ejVjeu


Bus Ticket Services Link

https://bit.ly/2OeptVT

Travel & Tour Link

https://bit.ly/38G0TXk


Hotel Link

https://bit.ly/31YJY15

Bookmark