Business Careers & Jobs

လူမှုဖူလုံရေး အကျုံး၀င်သည့် လုပ်ငန်းများအား ထောက်ပံ့ငွေများ ဆက်လက် ထုတ်ပေးလျက်ရှိ

Read 696 times

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို ပိုမိုထိရောက်စွာ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်  Stay at home အစီအစဉ်တွင် အကျုံးဝင်သော  လုပ်ငန်းဌာနပေါင်း (၁၇၆၅) ဌာနမှ အာမခံအလုပ်သမား (၂၄၄၆၇၀) အတွက် ထောက်ပံ့ငွေကျပ် (၁၆,၄၁၇.၇၄၇)    သန်းအား အောက်တိုဘာ (၅) ရက်နေ့မှစကာ ထုတ်ပေးခဲ့ပြီး ဖြစ်သည်။

Covid-19 ထောက်ပံငွေများကို ဆက်လက်၍  စိစစ်ရေးဘုတ်အဖွဲ့ အစည်းအဝေး အမှတ်စဉ် (၁၅/၂၀၂၀ မှ ၂၄/၂၀၂၀ အထိ) တို့အရ စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန (၁,၆၁၂) ဌာနမှ အာမခံအလုပ်သမား (၂၆၁,၉၁၂) ဦးတို့အတွက်လည်း ဆက်လက်၍ ထောက်ပံ့ငွေကျပ် (၁၅,၉၇၇.၀၃၃) သန်းအား သက်ဆိုင်ရာ လုပ်ငန်းရှင်များသို့  ခွင့်ပြု ထုတ်ပေးခဲ့သည်။

ယင်းကဲ့သို့  ထောက်ပံငွေစာရင်း အသေးစိတ်ကို   သက်ဆိုင်ရာ လုပ်ငန်းဌာနများသို့   အကြောင်းကြားမှုများ ပြုလုပ်ခဲ့သည်။ ထိုသို့ အကြောင်းကြားမှုများ ပြုလုပ်ပြီးသည့် နောက်တွင်  ဝန်ကြီးဌာနနှင့်   လူမှုဖူလုံရေး အဖွဲ့တို့၏   Website တို့တွင်လည်း ကြေညာချက် ထုတ်ပြန်မှုများ ပြုလုပ်ခဲ့သည်။ 

ယနေ့အချိန်ထိ Stay at home အစီအစဉ်တွင်  အကျုံးဝင်သော  စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာန  စုစုပေါင်း (၃,၃၇၇) ဌာနမှ အာမခံ အလုပ်သမား (၅၀၆,၅၈၂) ဦးအတွက် ထောက်ပံ့ငွေကျပ် (၃၂,၃၉၄.၇၈၀) သန်းအား ခွင့်ပြု ထုတ်ပေးခဲ့ပြီး ဖြစ်သည်။

Stay at home အစီအစဥ်တွင် အကျုံးဝင်သည့် လုပ်ငန်းများရှိ ဝန်ထမ်းများအား  ကျန်ရှိသည့် တောင်းခံလွှာများကို  ဘုတ်အဖွဲ့မှ ဆက်လက်စိစစ်၍ ထုတ်ပေးလျက် ရှိကြောင်း သိရသည်။ 

 

Bookmark