ကိုဗစ်-၁၉ ကူးစက်ရောဂါဟာ ကပ်ရောဂါအသွင်နဲ့ တစ်ကမ္ဘာလုံးဆီ ပျံ့နှံ့နေပြီ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာ ဖြစ်ပွားနေမှုတွေကို ပညာရှင်တွေက လေ့လာကြပြီး တွေ့ရှိချက် အချို့မှာ ကိုဗစ် - ၁၉ ရဲ့ ထူးခြားတဲ့ရောဂါလက္ခဏာတွေကို ဖတ်ရှုရပါတယ်။
အဲဒါကြောင့် အဲဒီအချက် ( ၈ ) ချက်ကို အားလုံးသတိပြုနိုင်ဖို့ ပြန်လည် ဖော်ပြလိုက်ပါတယ်။
အောက်စ်ဖို့ဒ်တက္ကသိုလ် ကူးစက်ရောဂါများ၏ ဆင့်ကဲ တိုးတက်မှုဆိုင်ရာဂေဟဗေဒ လေ့လာရေးအဖွဲ့က ဗြိတိန်နိုင်ငံမှာ လူသန်းနှင့်ချီ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံနေရမှုတွေနဲ့ ပတ်သက်ပြီး လေ့လာမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဒီကူးစက်ရောဂါဟာ ဗြိတိန်နိုင်ငံကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလလယ်လောက်က စတင်ရောက်ခဲ့မယ်လို့ ခန့်မှန်းပြီး ရောဂါပိုး မရောက်မီ တစ်လအလိုမှာ ရောဂါလက္ခဏာ ရှစ်မျိုးလောက် နိုင်ငံတွင်းလူတွေမှာ ခံစားနေခဲ့ရကြောင်း လေ့လာတွေ့ရှိရတယ်လို့ ဆိုပါတယ်။ အခုအချိန်မှာ နိုင်ငံသား ထက်ဝက်ခန့် ရောဂါကူးစက်ခံနေရပြီလို့လည်း ယူဆကြပါတယ်။
၂၀၂၀ ပြည့်နှစ် နှစ်ဦးပိုင်းမှာ ကတည်းက ရောဂါလက္ခဏာ ရှစ်မျိုးခန့် ခံစားကြရပြီး ဒီလိုတွေခံစားရမှုဟာ ကိုဗစ် - ၁၉ ရောဂါ ဝင်ရောက်တော့မယ်ဆိုတာ ပြသလိုက်တာပဲလို့လည်း ဆိုပါ တယ်။ ဒီရောဂါလက္ခဏာရှစ်မျိုးဟာ အများသတိပြုဖွယ်ဖြစ်ကြောင်း သိရပါတယ်။
၁။ မျက်စိပိုးဝင်ခြင်း၊ မျက်စိနာခြင်း
ကိုဗစ်ရဲ့ လက္ခဏာများမှာ conjunctivitis မျက်စိနာခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ကြောင်း လေ့လာမှုအသစ်တွေအရ သိရပါတယ်။ College of Optometrists မျက်စိ မျက်မှန်ဆိုင်ရာ ကျွမ်းကျင် သူတွေရဲ့ အဆိုအရ ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရသူတို့မှာ အသက်ရှူလမ်းကြောင်းက တစ်ဆင့် မျက်စိကိုကူးစက်ပြီး မျက်ကြည်လွှာ ရောင်ရမ်းမှုတွေဖြစ်ကြောင်း သိရပါတယ်။ အခုတွေ့နေရတဲ့ ကိုဗစ်-၁၉ ရဲ့ ရောဂါလက္ခဏာတွေ မပြမီကပင် မျက်စိနာလာတတ်ကြောင်း ဒါဟာလည်း ကိုဗစ်-၁၉ ရဲ့ ထူးခြားတဲ့လက္ခဏာဖြစ်ပြီး သတိပြုသင့်ကြောင်း သိရပါတယ်။
၂။ ချောင်းခြောက်ဆိုးခြင်း
နေထိုင်ကောင်းနေလျက်နဲ့ ချောင်းဆိုး လာတတ်ပြီး ချောင်းမှာ ချောင်းခြောက်ဆိုးလာတတ်ပါတယ်။ ဆေးလိပ်သောက်လို့ အဆုတ်ရောဂါတစ်ခုခုကြောင့် ချောင်းဆိုးနေ တတ်သူနဲ့မတူတဲ့ ချွဲသလိပ်မပါတဲ့ ချောင်းဆိုးပုံ တွေ့ရပါတယ်။ နေ့တစ်ဝက်လောက်ကြာအောင် ချောင်းဆိုးတတ်ကြောင်း သိရပါတယ်။
၃။ စိတ်ပင်ပန်းနွမ်းနယ်ခြင်း
ကိုဗစ် - ၁၉ ရဲ့ ရောဂါလက္ခဏာတွေမှာ Mental Fatigue ကို ထည့်သွင်းထားလေ့ မရှိသော်လည်း လေ့လာမှုတွေအရ ရောဂါကူးစက်ခံရသူတွေမှာ မဖျားနာမီ ထူးထူးခြားခြား စိတ်ပင်ပန်းနွမ်းနယ်လာတာ ခံစားရကြောင်း ပြောဆိုကြပါတယ်။ Thera Jourdan ဆိုသူ အမျိုးသမီးက သူ့လည်ချောင်းထဲမှာ တစ်ခုခုနဲ့ ထိုးနေသလို ယားယံလာတယ်၊ ခေါင်းလည်း ကိုက်လာတယ်။ တစ်ချိန်တည်းမှာပဲ Brain fog ခေါ်တဲ့ စိတ်ရှုပ်ထွေးတာ၊ အာရုံစူးစိုက်လို့မရတာ၊ မေ့တတ်တာ၊ စိတ်ထဲ မကြည်လင်တာမျိုးတွေ ခံစားရတယ်လို့ ဆိုပါတယ်။ အလုပ်ကိုလည်း စိတ်မဝင်စားဘဲ အိပ်ရာထဲကိုသာ သွားလှဲနေလိုက်ချင်တယ်။ ချောင်းမဆိုး၊ မဖျားပေမယ့် အဲဒီလို နေထိုင်မကောင်းဘူး။ ချောင်းမဆိုးဘူးဆိုပေမယ့်လည်း အသက်ရှူလမ်းကြောင်းက မကြည်လင်သလို ခံစားရတယ်လို့ ဆိုပါတယ်။
၄။ ကိုယ်အပူချိန်မြင့်တက်ခြင်း
ကိုယ်အပူချိန်က 100• F (37.7 • C) လောက် မြင့်တက်လာတတ်ပါတယ်။ ရင်ဘတ်နဲ့ ကျောတွေက သိသိသာသာ ပူနေတတ်တယ်လို့ ဆိုပါတယ်။ ကျန်းမာနေသူတစ်ယောက် ကိုယ်အပူချိန် တက်လာတယ်ဆိုရင် သတိပြု ရပါတော့မယ်။
၅။ အသက်ရှူရခက်ခဲလာခြင်း
ရင်ဘတ်ထဲမှာ ကျပ်လာတယ်၊ အသက်ရှူရခက်လာတယ်၊ ဒီလိုဆိုရင် ကိုဗစ် - ၁၉ ကို စဉ်းစားရတော့မယ်လို့ ဆိုပါတယ်။ နဂိုက ကျန်းကျန်းမာမာရှိသူတွေ၊ လူငယ်လူလတ်တွေ၊ ရင်ကျပ်ပန်းနာရောဂါအခံ မရှိသူတွေ ဒီလိုခံစားလာရရင် သတိထားကြဖို့ ဖြစ်ပါတယ်။
၆။ အနံ့မရ၊ အရသာ ခံစားမရခြင်း
ဗြိတိသျှ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်များအသင်းက အနံ့မရတာ၊ အရသာခံစားမရတာဖြစ်ခြင်းတို့ဟာ ကိုရိုနာ ဗိုင်းရပ်စ် (ကိုဗစ်-၁၉) ပိုးရဲ့ တိုက်ခိုက်မှုဖြစ်ကြောင်း ဆိုပါတယ်။ ဗိုင်းရပ်စ်ပိုးတွေဟာ နှာခေါင်းနဲ့ လည်ချောင်းမှာ ခိုကပ်ပြီး အာရုံခံဆဲလ်တွေကို ထိခိုက်စေတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလိုစတင်ခံစားမိပြီဆိုရင် self-isolate ကိုယ့်တစ်ယောက်တည်း ချက်ချင်းခွဲနေပါ၊ အိမ်သားတွေနဲ့ အတူမနေပါနဲ့လို့ တိုက်တွန်းထားပါတယ်။ ကိုဗစ် - ၁၉ ကူးစက်နေတဲ့ နိုင်ငံ တွေမှာ တွေ့ရှိချက်တွေအရ ဗိုင်းရပ်စ်ပိုးတွေဟာ လူ့ခန္ဓာကိုယ်ထဲကို မျက်စိ၊ နှာခေါင်း၊ လည်ချောင်းတွေကတစ်ဆင့် ဝင်ရောက်နိုင်တယ်လို့ အဆိုပါဆရာဝန်များ အသင်းက ဆိုပါတယ်။
၇။ ဗိုက်နာခြင်း
အစားအသောက်ပျက်ခြင်း၊ ဗိုက်နာခြင်း၊ ဝမ်းသွားခြင်းတို့ ခံစားရတတ်ပါတယ်။ အထူးသဖြင့် ဘာအကြောင်းမှ မရှိဘဲ ဗိုက်နာလာပြီး ပျောက်သွားတတ်ပါတယ်။ အမေရိကန် အစာလမ်းကြောင်းဆိုင်ရာ ဆေးပညာဂျာနယ်မှာ အခုလို ဝမ်းဗိုက်ပြဿနာလေးတွေ ခံစားရခြင်းဟာ ကိုဗစ် - ၁၉ နဲ့ သက်ဆိုင်နေပါတယ်။ တရုတ်နိုင်ငံ ဟူပေပြည်နယ်မှာ ဒီရောဂါပျံ့နှံ့နေစဉ် လေ့လာမှုအရ ရောဂါကူးစက်ခံနေရသူ ၂၀၄ ဦးတို့ရဲ့ ၄၀ ဒသမ ၅ ရာခိုင်နှုန်းတို့မှာ ဗိုက်နာတယ်၊ ဝမ်းပျက် တယ်ဆိုတာ တွေ့ရတယ်လို့ ဆိုပါတယ်။
၈။ မောပန်းနွမ်းနယ်ခြင်း
အအေးမိ၊ တုပ်ကွေးနဲ့ အခြားဗိုင်းရပ်စ် အဖျားရောဂါတို့လိုမှာပဲ မောပန်းနွမ်းနယ်၊ ခြေလက်မသယ်ချင် ဖြစ်နေတတ်ပါတယ်။ အိပ်ရာထဲမှာပဲ လှဲနေချင်ပါတယ်။ ဘာမှမလုပ်ချင်ပါဘူး။ အိပ်တော့လည်း အိပ်မပျော်ဘူး။ ချောင်းဆိုးရင်ကျပ်လာလို့ပေါ့။
ဒေါက်တာမြင့်သန်း (ညောင်လေးပင်)
============================
ကိုဗစ္-၁၉ ၏ သတိျပဳသင့္ေသာ ထူးျခားသည့္ ေရာဂါလကၡဏာ ( ၈ ) ခု
ကိုဗစ္-၁၉ ကူးစက္ေရာဂါဟာ ကပ္ေရာဂါအသြင္နဲ႔ တစ္ကမာၻလုံးဆီ ပ်ံ႕ႏွံ႔ေနၿပီ ျဖစ္ပါတယ္။ ၿဗိတိန္ႏိုင္ငံမွာ ျဖစ္ပြားေနမႈေတြကို ပညာရွင္ေတြက ေလ့လာၾကၿပီး ေတြ႕ရွိခ်က္ အခ်ိဳ႕မွာ ကိုဗစ္ - ၁၉ ရဲ႕ ထူးျခားတဲ့ေရာဂါလကၡဏာေတြကို ဖတ္ရႈရပါတယ္။
အဲဒါေၾကာင့္ အဲဒီအခ်က္ ( ၈ ) ခ်က္ကို အားလုံးသတိျပဳႏိုင္ဖို႔ ျပန္လည္ ေဖာ္ျပလိုက္ပါတယ္။
ေအာက္စ္ဖို႔ဒ္တကၠသိုလ္ ကူးစက္ေရာဂါမ်ား၏ ဆင့္ကဲ တိုးတက္မႈဆိုင္ရာေဂဟေဗဒ ေလ့လာေရးအဖြဲ႕က ၿဗိတိန္ႏိုင္ငံမွာ လူသန္းႏွင့္ခ်ီ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ခံေနရမႈေတြနဲ႔ ပတ္သက္ၿပီး ေလ့လာမႈေတြ ျပဳလုပ္ခဲ့ပါတယ္။
ဒီကူးစက္ေရာဂါဟာ ၿဗိတိန္ႏိုင္ငံကို ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလလယ္ေလာက္က စတင္ေရာက္ခဲ့မယ္လို႔ ခန္႔မွန္းၿပီး ေရာဂါပိုး မေရာက္မီ တစ္လအလိုမွာ ေရာဂါလကၡဏာ ရွစ္မ်ိဳးေလာက္ ႏိုင္ငံတြင္းလူေတြမွာ ခံစားေနခဲ့ရေၾကာင္း ေလ့လာေတြ႕ရွိရတယ္လို႔ ဆိုပါတယ္။ အခုအခ်ိန္မွာ ႏိုင္ငံသား ထက္ဝက္ခန္႔ ေရာဂါကူးစက္ခံေနရၿပီလို႔လည္း ယူဆၾကပါတယ္။
၂၀၂၀ ျပည့္ႏွစ္ ႏွစ္ဦးပိုင္းမွာ ကတည္းက ေရာဂါလကၡဏာ ရွစ္မ်ိဳးခန္႔ ခံစားၾကရၿပီး ဒီလိုေတြခံစားရမႈဟာ ကိုဗစ္ - ၁၉ ေရာဂါ ဝင္ေရာက္ေတာ့မယ္ဆိုတာ ျပသလိုက္တာပဲလို႔လည္း ဆိုပါ တယ္။ ဒီေရာဂါလကၡဏာရွစ္မ်ိဳးဟာ အမ်ား သတိျပဳဖြယ္ျဖစ္ေၾကာင္း သိရပါတယ္။
၁။ မ်က္စိပိုးဝင္ျခင္း၊ မ်က္စိနာျခင္း
ကိုဗစ္ရဲ႕ လကၡဏာမ်ားမွာ conjunctivitis မ်က္စိနာျခင္းသည္လည္း တစ္ခုအပါအဝင္ ျဖစ္ေၾကာင္း ေလ့လာမႈအသစ္ေတြအရ သိရပါတယ္။ College of Optometrists မ်က္စိ မ်က္မွန္ဆိုင္ရာ ကြၽမ္းက်င္ သူေတြရဲ႕ အဆိုအရ ကိုဗစ္-၁၉ ေရာဂါကူးစက္ခံေနရသူတို႔မွာ အသက္ရႉလမ္းေၾကာင္းက တစ္ဆင့္ မ်က္စိကိုကူးစက္ၿပီး မ်က္ၾကည္လႊာ ေရာင္ရမ္းမႈေတြျဖစ္ေၾကာင္း သိရပါတယ္။ အခုေတြ႕ေနရတဲ့ ကိုဗစ္-၁၉ ရဲ႕ ေရာဂါလကၡဏာေတြ မျပမီကပင္ မ်က္စိနာလာတတ္ေၾကာင္း ဒါဟာလည္း ကိုဗစ္-၁၉ ရဲ႕ ထူးျခားတဲ့လကၡဏာျဖစ္ၿပီး သတိျပဳသင့္ေၾကာင္း သိရပါတယ္။
၂။ ေခ်ာင္းေျခာက္ဆိုးျခင္း
ေနထိုင္ေကာင္းေနလ်က္နဲ႔ ေခ်ာင္းဆိုး လာတတ္ၿပီး ေခ်ာင္းမွာ ေခ်ာင္းေျခာက္ဆိုးလာတတ္ပါတယ္။ ေဆးလိပ္ေသာက္လို႔ အဆုတ္ေရာဂါတစ္ခုခုေၾကာင့္ ေခ်ာင္းဆိုးေန တတ္သူနဲ႔မတူတဲ့ ခြၽဲသလိပ္မပါတဲ့ ေခ်ာင္းဆိုးပုံ ေတြ႕ရပါတယ္။ ေန႔တစ္ဝက္ေလာက္ၾကာေအာင္ ေခ်ာင္းဆိုးတတ္ေၾကာင္း သိရပါတယ္။
၃။ စိတ္ပင္ပန္းႏြမ္းနယ္ျခင္း
ကိုဗစ္ - ၁၉ ရဲ႕ ေရာဂါလကၡဏာေတြမွာ Mental Fatigue ကို ထည့္သြင္းထားေလ့ မရွိေသာ္လည္း ေလ့လာမႈေတြအရ ေရာဂါကူးစက္ခံရသူေတြမွာ မဖ်ားနာမီ ထူးထူးျခားျခား စိတ္ပင္ပန္းႏြမ္းနယ္လာတာ ခံစားရေၾကာင္း ေျပာဆိုၾကပါတယ္။ Thera Jourdan ဆိုသူ အမ်ိဳးသမီးက သူ႔လည္ေခ်ာင္းထဲမွာ တစ္ခုခုနဲ႔ ထိုးေနသလို ယားယံလာတယ္၊ ေခါင္းလည္း ကိုက္လာတယ္။ တစ္ခ်ိန္တည္းမွာပဲ Brain fog ေခၚတဲ့ စိတ္ရႈပ္ေထြးတာ၊ အာ႐ုံစူးစိုက္လို႔မရတာ၊ ေမ့တတ္တာ၊ စိတ္ထဲ မၾကည္လင္တာမ်ိဳးေတြ ခံစားရတယ္လို႔ ဆိုပါတယ္။ အလုပ္ကိုလည္း စိတ္မဝင္စားဘဲ အိပ္ရာထဲကိုသာ သြားလွဲေနလိုက္ခ်င္တယ္။ ေခ်ာင္းမဆိုး၊ မဖ်ားေပမယ့္ အဲဒီလို ေနထိုင္မေကာင္းဘူး။ ေခ်ာင္းမဆိုးဘူးဆိုေပမယ့္လည္း အသက္ရႉလမ္းေၾကာင္းက မၾကည္လင္သလို ခံစားရတယ္လို႔ ဆိုပါတယ္။
၄။ ကိုယ္အပူခ်ိန္ျမင့္တက္ျခင္း
ကိုယ္အပူခ်ိန္က 100• F (37.7 • C) ေလာက္ ျမင့္တက္လာတတ္ပါတယ္။ ရင္ဘတ္နဲ႔ ေက်ာေတြက သိသိသာသာ ပူေနတတ္တယ္လို႔ ဆိုပါတယ္။ က်န္းမာေနသူတစ္ေယာက္ ကိုယ္အပူခ်ိန္ တက္လာတယ္ဆိုရင္ သတိျပဳ ရပါေတာ့မယ္။
၅။ အသက္ရႉရခက္ခဲလာျခင္း
ရင္ဘတ္ထဲမွာ က်ပ္လာတယ္၊ အသက္ရႉရခက္လာတယ္၊ ဒီလိုဆိုရင္ ကိုဗစ္ - ၁၉ ကို စဥ္းစားရေတာ့မယ္လို႔ ဆိုပါတယ္။ နဂိုက က်န္းက်န္းမာမာရွိသူေတြ၊ လူငယ္လူလတ္ေတြ၊ ရင္က်ပ္ပန္းနာေရာဂါအခံ မရွိသူေတြ ဒီလိုခံစားလာရရင္ သတိထားၾကဖို႔ ျဖစ္ပါတယ္။
၆။ အနံ႔မရ၊ အရသာ ခံစားမရျခင္း
ၿဗိတိသွ် နား၊ ႏွာေခါင္း၊ လည္ေခ်ာင္း အထူးကုဆရာဝန္မ်ားအသင္းက အနံ႔မရတာ၊ အရသာခံစားမရတာျဖစ္ျခင္းတို႔ဟာ ကို႐ိုနာ ဗိုင္းရပ္စ္ (ကိုဗစ္-၁၉) ပိုးရဲ႕ တိုက္ခိုက္မႈျဖစ္ေၾကာင္း ဆိုပါတယ္။ ဗိုင္းရပ္စ္ပိုးေတြဟာ ႏွာေခါင္းနဲ႔ လည္ေခ်ာင္းမွာ ခိုကပ္ၿပီး အာ႐ုံခံဆဲလ္ေတြကို ထိခိုက္ေစတာေၾကာင့္ ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီလိုစတင္ခံစားမိၿပီဆိုရင္ self-isolate ကိုယ့္တစ္ေယာက္တည္း ခ်က္ခ်င္းခြဲေနပါ၊ အိမ္သားေတြနဲ႔ အတူမေနပါနဲ႔လို႔ တိုက္တြန္းထားပါတယ္။ ကိုဗစ္ - ၁၉ ကူးစက္ေနတဲ့ ႏိုင္ငံ ေတြမွာ ေတြ႕ရွိခ်က္ေတြအရ ဗိုင္းရပ္စ္ပိုးေတြဟာ လူ႔ခႏၶာကိုယ္ထဲကို မ်က္စိ၊ ႏွာေခါင္း၊ လည္ေခ်ာင္းေတြကတစ္ဆင့္ ဝင္ေရာက္ႏိုင္တယ္လို႔ အဆိုပါဆရာဝန္မ်ား အသင္းက ဆိုပါတယ္။
၇။ ဗိုက္နာျခင္း
အစားအေသာက္ပ်က္ျခင္း၊ ဗိုက္နာျခင္း၊ ဝမ္းသြားျခင္းတို႔ ခံစားရတတ္ပါတယ္။ အထူးသျဖင့္ ဘာအေၾကာင္းမွ မရွိဘဲ ဗိုက္နာလာၿပီး ေပ်ာက္သြားတတ္ပါတယ္။ အေမရိကန္ အစာလမ္းေၾကာင္းဆိုင္ရာ ေဆးပညာဂ်ာနယ္မွာ အခုလို ဝမ္းဗိုက္ျပႆနာေလးေတြ ခံစားရျခင္းဟာ ကိုဗစ္ - ၁၉ နဲ႔ သက္ဆိုင္ေနပါတယ္။ တ႐ုတ္ႏိုင္ငံ ဟူေပျပည္နယ္မွာ ဒီေရာဂါပ်ံ႕ႏွံ႔ေနစဥ္ ေလ့လာမႈအရ ေရာဂါကူးစက္ခံေနရသူ ၂၀၄ ဦးတို႔ရဲ႕ ၄၀ ဒသမ ၅ ရာခိုင္ႏႈန္းတို႔မွာ ဗိုက္နာတယ္၊ ဝမ္းပ်က္ တယ္ဆိုတာ ေတြ႕ရတယ္လို႔ ဆိုပါတယ္။
၈။ ေမာပန္းႏြမ္းနယ္ျခင္း
အေအးမိ၊ တုပ္ေကြးနဲ႔ အျခားဗိုင္းရပ္စ္ အဖ်ားေရာဂါတို႔လိုမွာပဲ ေမာပန္းႏြမ္းနယ္၊ ေျခလက္မသယ္ခ်င္ ျဖစ္ေနတတ္ပါတယ္။ အိပ္ရာထဲမွာပဲ လွဲေနခ်င္ပါတယ္။ ဘာမွမလုပ္ခ်င္ပါဘူး။ အိပ္ေတာ့လည္း အိပ္မေပ်ာ္ဘူး။ ေခ်ာင္းဆိုးရင္က်ပ္လာလို႔ေပါ့။
ေဒါက္တာျမင့္သန္း (ေညာင္ေလးပင္)