Health

COVID-19 ဆိုင်ရာ သတင်းများကို MOHS မှ မနက်တစ်ကြိမ်၊ ညတစ်ကြိမ် ထုတ်ပြန်မည်

Read 613 times

ဧပြီလ ၁၅ ရက်နေ့မှစ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက COVID-19 ရောဂါနှင့် ပတ်သက်၍ သတင်းထုတ်ပြန်မှုအား နံနက် (၉) နာရီမှ (၁၀) နာရီအကြားတွင် တစ်ကြိမ်နှင့် ည (၈)နာရီမှ (၉) နာရီအကြားတွင် တစ်ကြိမ် ထုတ်ပြန်သွားမည် ဖြစ်သည်။

ယခုအချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၇၄)ဦး တွေ့ရှိပြီးဖြစ်ကာ ၎င်းတို့အနက် -

• ချင်းပြည်နယ်၊ တီးတိန် ပြည်သူ့ဆေးရုံတွင် (၃) ဦး၊

• ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် လူနာ (၅၉) ဦး၊

• ရှမ်း ပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးပြည်သူ့ဆေးရုံကြီးတွင် (၁)ဦး၊

• မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁) ဦး၊

• စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတွင် လူနာ (၁)ဦးနှင့်

• ပြည်သူ့ဆေးရုံကြီး၊ မကွေးမြို့တွင် (၁)ဦး၊

• ရှမ်းပြည်နယ် (အရှေ့ပိုင်း ) ပြည်သူ့ဆေးရုံကြီး၊ ကျိုင်းတုံမြို့တွင် (၁) ဦး၊

• ပြည်သူ့ဆေးရုံ၊ ကလေးမြို့နယ်တွင် (၁) ဦး စုစုပေါင်း (၆၈) ဦးကို ထားရှိ ကုသပေးနေပြီး ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်လျက် ရှိသည်။

COVID-19 ရောဂါပိုးကင်းစင်၍ ဆေးရုံဆင်းခွင့်ပြုခဲ့ပြီး ရောဂါစောင့်ကြည့်လူနာနှင့်  အသွားအလာကန့် သတ်ခြင်း/ တားမြစ်ခြင်း  (Quarantine) ဆက်လက်ဆောင်ရွက် ထားရှိသူ (၂)ဦးရှိပြီး သေဆုံးသူ (၄) ဦး ရှိကြောင်း သိရသည်။

MOHS

Bookmark