By- Jae
COVID-19 ကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအတွက် COVID-19 Fund မှ ဒုတိယအကြိမ် ချေးငွေများ စတင် ထုတ်ချေးပေးနေပြီး ဩဂုတ်လ ၁၀ ရက်နေ့အထိ လျှောက်ထားနိုင်ကြောင်း UMFCCI မှ ဇူလိုင် (၂၉) ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
Covid - 19 ချေးငွေ လျှောက်ထားနိုင်သော အဓိကဦးစားပေးလုပ်ငန်းများမှာ...
ချေးငွေလျှောက်ထားသူများအနေဖြင့် လျှောက်ထားရာတွင်...
အထက်ပါ ဦးစားပေးလုပ်ငန်းတွင် အကျုံးဝင်သော လုပ်ငန်းများသာ လျှောက်ထားနိုင်သည်။
ချေးငွေချေးရာတွင် စာရွက်စာတမ်းပြည့်စုံမှု ၊ ချေးငွေပြန်ဆပ်နိုင်မှု တို့အပေါ်မူတည်၍ ခွင့်ပြုပေးခြင်းဖြစ်၍ လိုအပ်သည့် စာရွက်စာတမ်းများ ပြည့်စုံအောင် ဆောင်ရွက်ပြီးမှသာ လျှောက်ထားသင့်သည်။
ထို့အပြင် ပထမအကြိမ် COVID 19 ချေးငွေ ရရှိထားပြီးသူများအနေဖြင့် ထပ်မံလျှောက်ထားခွင့် မရှိကြောင်းလည်း ကုန်သည်စက်မှုအသင်းချုပ်မှ ကြေညာထားသည်။
ပူးတွဲတင်ပြရန် လိုအပ်သော စာရွက်စာတမ်းများ၊ လျှောက်လွှာပုံစံများအား https://bit.ly/3f9vL4 တွင် Download ရယူနိုင်ပြီး Online မှ ချေးငွေလျှောက်ထားလိုသူများအနေဖြင့် အောက်ပါလင်ခ့်တွင် ၀င်ရောက်လျှောက်ထားနိုင်ပါသည်။
UMFCCI Website Link - https://umfccicovid19loan.dedc.gov.mm/
လူကိုယ်တိုင် သွားရောက် လျှောက်ထားလိုသူများအနေဖြင့် အမှတ် (၂၉)၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့၊ ကုန်သည်စက်မှုအသင်းချုပ်ရုံး (UMFCCI) သို့ စာရွက်စာတမ်း အပြည့်အစုံဖြင့် လျှောက်ထားနိုင်မည် ဖြစ်သည်။