Health

Covid-19 ဓာတ်ခွဲအတည်ပြုလူနာ C-8 သွားလာနေထိုင်ခဲ့သော ခရီးနေရာများ

Read 464 times

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်နေ အသက် (၆၀) နှစ်အရွယ် ဧည့်လမ်းညွှန် အမျိုးသမီးတစ်ဦးသည် (၂၅-၃-၂၀၂၀) ရက်နေ့မှစတင်၍ ချောင်းဆိုးခြင်း၊ အန်ခြင်း လက္ခဏာများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ (၂၆-၃-၂၀၂၀) ရက်နေ့တွင် လာရောက် ပြသခဲ့ပါသည်။

(၂၆-၃-၂၀၂၀) ရက်နေ့တွင် အဆိုပါ လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ရာ (၂၇-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်သည့် ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရပါသည်။

အဆိုပါလူနာသည် ဧည့်လမ်းညွှန်အဖြစ်အလုပ်လုပ်ကိုင်သူဖြစ်ပြီး (၁၄-၃-၂၀၂၀) ရက် နေ့မှ (၂၂-၃-၂၀၂၀)ရက်နေ့ထိ ပြစ်သစ်နိုင်ငံသား (၁၁) ဦးနှင့်အတူ ခရီးသွားလာခဲ့ပါသည်။

အဆိုပါလူနာသည် ရောဂါလက္ခဏာမပေါ်ပေါက်မီ (၂၂-၃-၂၀၂၀) ရက်နေ့တွင် ရန်ကုန်မြို့၌ ဗိုလ်ချုပ်ဈေး၊ တရုတ်တန်း၊ ပန်းဆိုးတန်းနှင့် ရွှေတိဂုံဘုရားသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း သိရှိရပါသည်။

MOHS

Bookmark