အသက် (၅၈) နှစ်အရွယ် ဆွစ်ဇာလန်နိုင်ငံသူ အမျိုးသမီးသည် (၁၇-၃-၂၀၂၀) ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှ ဘန်ကောက်မြို့သို့လည်းကောင်း၊ (၁၈-၃-၂၀၂၀) ရက်နေ့တွင် ဘန်ကောက်မြို့မှ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့လည်းကောင်း ရောက်ရှိခဲ့သည်။
ဟိုတယ်တစ်ခုတွင် သီးခြားနေထိုင်နေစဉ် နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Hotel Quarantine ဆောင်ရွက်ရာ (၂၂-၃-၂၀၂၀) ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းသွားခြင်း လက္ခဏာများခံစားခဲ့ရသည်။
ထို့နောက် (၂၆-၃-၂၀၂၀) ရက်နေ့တွင် နေပြည်တော် ခုတင် (၁,၀၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် သီးခြားထားရှိကုသပြီး လူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ ပေးပို့စစ်ဆေးခဲ့ရာ (၂၇-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်သော ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရပါသည်။
MOHS