အသက် (၂၉) နှစ်အရွယ် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ အမျိုးသား (၁) ဦးသည် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case -03) နှင့်အတူ (၂၀-၃-၂၀၂၀) ရက်နေ့တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှ ဒိုဟာသို့ Qatar Airline (0010 H) ဖြင့်လည်းကောင်း၊ ဒိုဟာမှဘန်ကောက်သို့ Qatar Airline (0830 H) ဖြင့်လည်းကောင်း၊ (၂၁-၃-၂၀၂၀) ရက်နေ့တွင် ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်မှ မြန်မာနိုင်ငံသို့ PG 701 ဖြင့် လည်းကောင်း စီးနင်းလိုက်ပါလာခဲ့ပါသည်။
၎င်းသည် (၂၁-၃-၂၀၂၀) ရက်နေ့၊ နံနက် (၉:၄၅) တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး နေအိမ်တွင် Self - quarantine ဖြင့် နေထိုင်စဉ် ၎င်းနှင့် ခရီးအတူသွားခဲ့သူ (Case-03) ၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး ဓာတ်ခွဲအတည်ပြု တွေ့ရှိကြောင်း သိရှိရသဖြင့် ၎င်းအား ဝေဘာဂီ အထူးကုဆေးရုံကြီးတွင် (၂၆-၃-၂၀၂၀) ရက်နေ့မှစ၍ အသွားအလာတားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခဲ့ပြီး ဓာတ်ခွဲနမူနာရယူ၍ စစ်ဆေးခဲ့ရာ (၂၇-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်သော ဓာတ်ခွဲအဖြေအရ COVID-19 ရောဂါပိုး တွေ့ရှိရပါသည်။
အဆိုအပါ အမျိုးသားသည် ယနေ့ (၂၉-၃-၂၀၂၀) ရက်နေ့၊ ညပိုင်းအထိ ဖျားခြင်း၊ ချောင်းဆိုးခြင်း စသည့် သံသယရောဂါလက္ခဏာ တစ်စုံတစ်ရာ ပြသခြင်း မရှိကြောင်း သိရှိရပါသည်။
MOHS