အဆိုပါလူနာသည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင်နေထိုင်သော အသက် (၄၅) နှစ် အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case-05) နှင့် အနီးကပ်ထိတွေ့ခဲ့သည်။
ထို့ကြောင့်(၂၈-၃-၂၀၂၀) ရက်နေ့တွင် ဝေဘာဂီအထူးကုဆေးရုံကြီး၌ အသွားအလာကန့်သတ်ခြင်း (Hospital Quarantine) ဆောင်ရွက်ထားရှိပြီး ၎င်းထံမှ ဓာတ်ခွဲနမူနာရယူပြီး ပေးပို့စစ်ဆေးခဲ့ခြင်း ဖြစ်ပါသည်။
အဆိုပါလူနာအား ဓာတ်ခွဲအတည်ပြုစစ်ဆေးတွေ့ရှိပြီးချိန်မှစ၍ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် သီးခြားထားရှိ၍ ဆေးကုသမှုပေးလျက်ရှိပါသည်။
အဆိုပါလူနာသည် (၂၅-၃-၂၀၂၀) ရက်နေ့မှစ၍ ၎င်း၏ဖခင်အား ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လိုက်ပါပြုစုခဲ့ကြောင်းသိရှိရပါသည်။
MOHS