Health Travel

Covid-19 ဓာတ်ခွဲအတည်ပြုလူနာ C-1 သွားလာနေထိုင်ခဲ့သော ခရီးနေရာများ

Read 730 times

အဆိုပါလူနာသည် ၎င်း၏မိခင်နှင့်အတူ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့မှ (၁၃-၃-၂၀၂၀) ရက်နေ့မှ American Airways (AA 3269) ဖြင့် Chicago သို့လည်းကောင်း၊ Chicago မှ Doha သို့ Qatar Airways (Qatar 726) ဖြင့်လည်းကောင်း ထွက်ခွာခဲ့ပါသည်။

(၁၄-၃-၂၀၂၀) ရက်နေ့တွင် ဒိုဟာမြို့မှ Qatar Airways (QR-916) ဖြင့် ထွက်ခွာလာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ (၁၅-၃-၂၀၂၀) ရက်နေ့ နံနက် (၅:၃၅) တွင် ရောက်ရှိခဲ့သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့လေဆိပ်သို့ မြန်မာအမျိုးသားလေကြောင်းလိုင်း (UB – 503) ဖြင့် ထွက်ခွာလာခဲ့ရာ (၁၅-၃-၂၀၂၀) ရက်နေ့ နေ့လည် (၂:၃၀) နာရီအချိန်တွင် ရောက်ရှိခဲ့သည်။

ကလေးမြို့တွင် (၁၅-၃-၂၀၂၀) ရက်နေ့မှ (၁၇-၃-၂၀၂၀) ရက်နေ့ထိ တပ်ဦးသီတာ၊ ရတနာပုံလမ်း၌ တည်းခိုနေထိုင်ခဲ့ပြီး (၁၅-၃-၂၀၂၀) ရက်နေ့ ညနေပိုင်းတွင် လမ်းဆုံရှိ ရွှေဆိုင်သို့ သွားရောက်ခဲ့ကြောင်းနှင့် (၁၆-၃-၂၀၂၀) ရက်နေ့တွင် Cherry Photo Studio တွင် Pre-wedding photo ရိုက်ကူးခဲ့သည်။

(၁၇-၃-၂၀၂၀) ရက်နေ့တွင် ကလေးမြို့မှ တီးတိန်မြို့သို့ ပြည်ချစ်သားလိုင်းကားဖြင့် ထွက်ခွာ လာခဲ့ကြောင်းနှင့် ကားပေါ်တွင် လူ (၁၂) ဦးပါရှိကြောင်း သိရသည်။

တီးတိန်မြို့တွင် လွယ်ဘွားရပ်ကွက်တွင် တစ်ညအိပ် တည်းခိုနေထိုင်ခဲ့ပြီး (၁၈-၃-၂၀၂၀) ရက်နေ့တွင် ကပ်တဲလ်ကျေးရွာသို့ AG အသင်းတော်ကားဖြင့် ထွက်ခွာခဲ့သည်။

(၁၉-၃-၂၀၂၀) ရက်နေ့တွင် နံနက်ပိုင်းတွင် ဖျားခြင်းစတင်ခံစားခဲ့ရသဖြင့် ကပ်တဲလ် ကျေးရွာရှိ PSI ဆေးခန်းသို့ နံနက် (၈:၀၀) နာရီတွင် သွားရောက်ပြသခဲ့သည်။

PSI ဆေးခန်းမှ ဆရာဝန်သည် တီးတိန်မြို့နယ်၊ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများနှင့် ဆက်သွယ်တိုင်ပင်၍ ပြည်သူဆေးရုံဝင်းအတွင်းရှိ (၈) ခန်းတွဲ၊ (၂) ထပ် ဆောင်သစ်၊ အပေါ် ထပ်တွင် စနစ်တကျ အသွားအလာ ကန့်သတ်ခြင်း (Quarantine) ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

Su Mon Oo ( Mine )
MOHS

Bookmark