Careers & Jobs

ငြီးငွေ့စရာကောင်းတဲ့ COVID ကာလကို သူငယ်ချင်းတွေနဲ့ Among Us ဆော့ပြီး ဖြတ်သန်းကြမယ်

Read 984 times

Stay Home နေရတာလည်းကြာနေပြီ ဇာတ်ကားတွေရော၊ စီးရီးတွေရော ကုန်သလောက်လည်းရှိနေ ဆော့နေကြဂိမ်းတွေကလည်း ပျင်းစရာကောင်းနေပြီဆိုတော့ သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် Online ပေါ်ကနေပဲဖြစ်ဖြစ် ဆော့ရတာ တော်တော်ပျော်ဖို့ကောင်းတဲ့ Among Us ဆိုတဲ့Game လေးတစ်ခုကို ပြောပြချင်ပါတယ်။ 

သူကထွက်တာတော့နည်းနည်းကြာနေပြီဆိုပေမယ့် လတ်တလော ရေပန်းစားနေတဲ့ Game လေးပါ။ 

ဒီGame က အတိုချုံးပြောရမယ်ဆိုရင် နောက်ကြောဓါးနဲ့ ထိုးရတဲ့ Game ပါ :3

ဒီ Game မှာ Crewmates နဲ့ Imposter ဆိုပြီး Character နှစ်မျိုးရှိပါတယ် Crewmate တွေကတော့ ပေးထားတဲ့ task တွေလုပ်တာတွေ ၊ Imposter ကဘယ်သူဖြစ်မလဲဆိုပြီး စုံစမ်းရတာတွေကို လုပ်ရပါတယ်။ Task တွေထဲမှာ ဒုံးပျံကို ဆီဖြည့်ရတာ၊ အမှိုက်ပြစ်တာ၊ ကိုယ့် ဒုံးပျံကို Navigation ပေးတာ စတာတွေပါပါတယ်။ 

 Imposter ကတော့ Crewmate တွေကိုလိုက်သတ်ရပါတယ်။ သူတို့ task တွေလုပ်နေတုန်း Oxygen ဖျက်တာတို့ Nuclear Reactor ကို အပူလွန်အောင်လုပ်တာ၊ မီးဖြတ်တာတွေလုပ်လို့ရပါတယ်။ Imposter ရဲ့ အဓိကတာဝန်က Crew Mate တွေကို သတ်ဖို့ဖြစ်ပြီး Crew Mate တွေရဲ့တာဝန်ကတော့ မသေခင် Task တွေပြီးအောင်လုပ်ရမှာပါ။ Imposter လုတ်မယ့်သူတွေက အလိမ်တော်ရမှာပါ ကိုယ်သတ်တာကို မသတ်ဘူး၊ မမြင်ဘူး ဘူးခံငြင်းရမယ့် ကောင်တွေပါ။ 

Phone နဲ့ဆိုရင် Play Store ကနေ free download လို့ရပြီး Pc နဲ့ဆိုရင် Steam မှာ 5$ နဲ့ဝယ်ဆော့လို့ရပါတယ်။ 

သူငယ်ချင်းတွေနဲ့ Discord အတူတူချိတ်ပြီးဆော့ရင် တော်တော်ပျော်ရမယ့် Game ကောင်းလေးတစ်ခုဖြစ်တာမို့လို့ COVID ကာလမှာ စမ်းဆော့ကြည့်စေချင်ပါတယ်။ 

By Aung Myo Hein

 

Bookmark