Health

Covid-19 တိုက်ဖျက်ရေးအတွက် AI နည်းပညာဖြင့် ကူညီ ထောက်ပံ့ပေးနေသည့် Huawei

Read 470 times

ကျပ်သိန်း ၇၀၀ ကျော်ခန့် တန်ဖိုးရှိတဲ့ Artificial Intelligence (AI) နည်းပညာဆိုင်ရာ ဝန်ဆောင်မှုတွေ၊ ဗီဒီယိုဆွေးနွေးပွဲစနစ်တွေနဲ့ စမတ်ဖုန်းတွေကို Covid-19 တိုက်ဖျက်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအား Huawei က ထောက်ပံ့ ကူညီပေးခဲ့ပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ EIHealth  စနစ်ကို အသုံးပြုပြီး... 

  • မျိုးရိုးဗီဇပစ္စည်း ( Genome) ပျံ့နှံ့မှုကို  စောင့်ကြည့်ခြင်း၊  
  • ပျံ့နှံ့မှု တားဆီးတဲ့ ဆေးဝါးများကို Silo Screening စနစ်မှာ အသုံးပြုခြင်း 
  • AI နည်းပညာသုံး CT Scanner ဖြင့် လူနာဆန်းစစ်ခြင်း စတာတွေကို လုပ်ဆောင်နိုင်အောင် Huawei က ပေးအပ် လှုဒါန်းခဲ့တာ ဖြစ်ပါတယ်။

AI နည်းပညာသုံး ရောဂါရှာဖွေမှုနဲ့ ကုသမှုစနစ်ကို အသုံးပြုပြီး ဆရာဝန်တွေအနေနဲ့  Covid-19 ရောဂါ တိုက်ဖျက်ရေးအတွက်သာမက လူနာတွေရဲ့ CT Scan ကို အချိန်တိုအတွင်း စစ်ဆေးနိုင်မှာ ဖြစ်တဲ့အပြင်
 
ဗဟိုဝန်ထမ်းတက္ကသိုလ် (ဖောင်ကြီး) နဲ့ ရန်ကုန်ဆေးတက္ကသိုလ် (၁) တို့မှာလည်း Huawei ရဲ့ ဆက်သွယ်ရေးဆေးပညာဆိုင်ရာ Online Conference စနစ်ကို အသုံးချပြီး ဆေးပညာရှင်အချင်းချင်း ဆွေးနွေး၊ သင်ကြားတာတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် Huawei Cloud-Based AI Technology ဟာ ရောဂါရဲ့ ကနဦးအခြေအနေ၊ အားကောင်းတဲ့ အခြေအနေ၊ ပြင်းထန်တဲ့ အခြေအနေတွေကို သိသိသာသာ ခွဲခြားပေးနိုင်တာကြောင့် ကုသရေးအတွက် အချိန်ချွေတာနိုင်သလို အလုပ်ဝန်ပိခြင်းတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ 

မကြာသေးမီကလည်း Huawei က UNESCO IITE၊ UNESCO ICHEI တို့နဲ့ ပူးပေါင်းပြီး Learn ON ဆိုတဲ့ အစီအစဉ်သစ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ 

Covid-19 အကျပ်အတည်းကာလအတွင်းမှာ ဒီအစီအစဉ်က ဆန်းသစ်တဲ့ ICT နည်းပညာတွေကို အသုံးပြုပြီး မတူညီတဲ့ နေရာဒေသတွေအတွက် ကောင်းမွန်တဲ့ ပညာရေးရရှိစေရန် ရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

Bookmark