ဇူလိုင် (၅) ရက် ည (၈) နာရီမှ ဇူလိုင် (၆) ရက် ည (၈)နာရီအထိ ဓာတ်ခွဲနမူနာ (၁၂၈၃၂) ခု စစ်ဆေးခဲ့ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၃၆၀၂) ဦး တွေ့ရှိခဲ့ပြီး (၅၂) ဦး ထပ်မံသေဆုံးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ည (၈) နာရီ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဓာတ်ခွဲအတည်ပြု လူနာများအနက် ဇူလိုင် (၆) ရက်တွင် (၉၁၄) ဦး ဆေးရုံဆင်းခွင့် ရရှိခဲ့သဖြင့် စုစုပေါင်း ဆေးရုံးဆင်းခွင့်ရသူ (၁၄၀၃၈၇) ဦး ရှိပြီဖြစ်ကာ သေဆုံးသူ (၅၂) ဦး ထပ်တိုးသဖြင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း (၃၅၁၃) ဦး ရှိပြီဖြစ်သည်။

ထို့ကြောင့် မြန်မာနိိုင်ငံတွင် COVID-19 ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် ယနေ့အထိ အတည်ပြုလူနာ စုစုပေါင်း (၁၇၁၉၇၆) ဦး ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်ထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂၇၉၆၂၁၇) ခု စစ်ဆေးခဲ့ပြီးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။