by Win May May Htay
COVID-19 ရောဂါသည် လူစုလူဝေးများ ပြုလုပ်ရာမှ လူအချင်းချင်း တိုက်ရိုက်ကူးစက်တတ်သော ရောဂါတစ်မျိုး ဖြစ်ပြီး ကမ္ဘာအနှံ့တွင် ယခုချိန်ထိ ကူးစက်နှုန်းများ ဆက်လက်မြင့်တက်လျက် ရှိသော ကပ်ရောဂါတစ်ခု ဖြစ်သည်။
ထို့ပြင် လွဲမှားသော အပြုအမူများကြောင့်လည်း COVID-19 ရောဂါပိုးရှိသူ လူတစ်ဦးမှတစ်ဆင့် အခြားသူများထံ အဆင့်ဆင့် ကူးစက်ခံခဲ့ရသော သာဓကများ ရှိခဲ့သောကြောင့် ကျန်းမာနှင့် အားကစားဝန်ကြီးဌာနမှ အောက်ပါအပြုအမူများအား အတတ်နိုင်ဆုံး ရှောင်ကြဉ်ပေးကြရန် စက်တင်ဘာလ (၂၈) ရက်နေ့က ကြေညာစာဖြင့် တိုက်တွန်းပြောကြားထားသည်။
စသည့် အပြုအမူများသည် ရောဂါပိုး ကူးစက်မှုနှုန်းကို ပိုမိုမြင့်တက်စေသောကြောင့် တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။
အထက်ဖော်ပြပါ အချက်များအပြင် အခြားသော ရောဂါကူးစက်နိုင်ချေ များပြားသည့် လူစုလူဝေးဖြင့် ပြုလုပ်သော ပွဲလမ်းသဘင်များ၊ အခမ်းအနားများ၊ သင်တန်းများ၊ ဝတ်ပြုဆုတောင်းပွဲများ၊ တရားပွဲများ စသည်တို့ကိုမူ ယခုကာလအတွင်း ကျင်းပခွင့် မပြုကြောင်း အမိန့်ကြေညာစာများဖြင့် ထုတ်ပြန်ထားပြီး ဖြစ်သည်။
မြန်မာနိုင်ငံတွင် COVID-19 စတင်ဖြစ်ပွားခဲ့သော မတ်လ (၂၃) ရက်နေ့မှ စ၍ စက်တင်ဘာလ (၂၈) ရက် ၊ ည (၈) နာရီအတွင်း ရောဂါကူးစက်ခံရသူပေါင်း (၁၁,၆၃၁) ဦး ရှိပြီဖြစ်ပြီး၊ သေဆုံးလူနာ (၂၅၆) ဦးနှင့် ကုသမှုခံယူပြီး ရောဂါကင်းစက်လာသူ (၃,၀၇၃) ဦး ရှိပြီဖြစ်သည်။
Source : MOHS