COVID-19 ချေးငွေလျှောက်ထားခြင်းနှင့် ပက်သက်၍ မည့်သည့်အချက်အလက်များ လိုအပ်သည်ကို လုပ်ငန်းရှင်များအတွက် ဖော်ပြပေးလိုက်ပါသည်။
လျှောက်လွှာများ ထုတ်ယူရာတွင် ကုန်သည်စက်မှုအသင်းချုပ်ရုံး ( UMFCCI Office Tower )၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသော ကုန်သည်စက်မှုအသင်းရုံးများတွင် အခမဲ့ သွားရောက် ထုတ်ယူနိုင်သည်။
လူကိုယ်တိုင် လာရောက် မလျှောက်ထားနိုင်ပါက https://umfccicovid19loan.dedc.gov.mm/ တွင် လျှောက်လွှာအား Download ရယူနိုင်ပြီး Online မှ တိုက်ရိုက် လျှောက်ထားနိုင်မည် ဖြစ်သည်။
လိုအပ်သည့် စာရွက်စာတမ်းများ
ကုမ္ပဏီဖြစ်ပါက ဘဏ္ဍာရေးရှင်းတမ်းများ တင်ပြရာတွင် Profit and Loss, Balance Sheet, Cash Flow Statement တို့နှင့်အတူ စာရင်းစစ်အစီရင်ခံစာ ( Audit Report ) အပြည့်အစုံ ပါရှိရမည်။
ကုမ္ပဏီမဟုတ်သော လုပ်ငန်းများသည် ဘဏ္ဍာရေးရှင်းတမ်းများ တင်ပြရာတွင် Profit and Loss, Balance Sheet, Cash Flow Statement တို့ ပါရှိရမည်ဖြစ်ပြီး၊ ပိုင်ရှင်ကိုယ်တိုင် မှန်ကန်ကြောင်း လက်မှတ်ရေးထိုးရမည်။
ချေးငွေလျှောက်ထားရာတွင် အဆင်ပြေမှုများ မရှိပါက ကုန်သည်စက်မှုအသင်းချုပ်သို့ လူကိုယ်တိုင်အကူအညီ တောင်းခံနိုင်သလို ဖုန်းနံပါတ် ၀၉-၆၉၄၈၂၀၂၄၃၊ ၀၉-၆၉၄၈၂၀၂၄၄ သို့လည်း ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါသည်။
ချေးငွေလျှောက်လွှာများအား စနေ၊ တနင်္ဂနွေနေ့များ အပါအဝင် ပိတ်ရက်မရှိ နေ့စဉ် နံနက် (၁၀) နာရီမှ ညနေ (၅) နာရီအထိ ကုန်သည်စက်မှုအသင်းချုပ်တွင် သွားရောက် ထုတ်ယူနိုင်မည် ဖြစ်သည်။