မြန်မာနိုင်ငံ၏ တိုးတတ်လာသော စီးပွားရေးလောကတွင် နိုင်ငံတကာဆက်ဆံမှုများ၊ ကုမ္ပဏီများ၏ စံနှုန်းများနှင့် နိုင်ငံတကာမှ စီးပွားရေးဆိုင်ရာ အသင်းဝင်တို့၏ ပါဝင်မှုများ ရှိနေခဲ့သည်။
သို့ဖြစ်ရာ ကုမ္ပဏီများအနေဖြင့်လည်း ပင်ကိုယ်စွမ်းရည်ကောင်းပြီး၊ အရည်အချင်းရှိသော ဝန်ထမ်းများကို လိုအပ်ကြသည်။ အလုပ်လျှောက်သူများ အနေဖြင့်လည်း ၎င်းတို့အတွက် သင့်လျော်ကောင်းမွန်သော အလုပ်ခွင်ကို ရှာဖွေလိုကြသည်။
Best Companies In Myanmar Campaign ကို Deloitte မှ တာဝန်ယူပြုလုပ်ခဲ့ပြီး Yoma Bank မှ အဓိကကူညီပံ့ပိုးပေးခဲ့ပြီး အလုပ်ရှင်နှင့် အလုပ်သမား၊ နှစ်ဦးနှစ်ဖက် အဆင်ပြေစေရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ပါသည်။
ယခု Campaign ကို ဝင်ရောက်ယှဥ်ပြိုင်ရန် ပြိုင်ပွဲဝင်ဖောင်များကို ဇွန်လ (၈) ရက်နေ့က စတင်လက်ခံခဲ့ပြီး ဇူလိုင်လ (၁၇) ရက်နေ့တွင် ဖောင်လက်ခံမှုကို ပိတ်သိမ်းခဲ့သည်။ အနိုင်ရရှိခဲ့သော ကုမ္ပဏီများကို ဩဂုတ်လစောပိုင်းက JobNet နှင့် BCIM Website မှ ကြေငြာခဲ့သည်။
အနိုင်ရရှိသော ကုမ္ပဏီများမှာ …
A.P.Mouse - MAERSK Group
AYA SOMPO Insurence
British American Tabcco Myanmar
Canal+ Myanmar
Coca-Cola Pinya Berage Myanmar
Cycle and Carriage Automobile Myanmar
Get All Myanmar
Global Technology Co.Ltd
Grand Royal Group International / Mascon international Business Services Co. Ltd / Nestle Myanmar /Super Seven Stars
Uab bank / Unilever Myanmar Group
Yoma Bank တို့ ဖြစ်ပါသည်။
Source: https://www.bcimyanmar.com/