Covid-19 ကူးစက်ခံရခြင်း ရှိမရှိကို တစ်ရက်လျှင် လူပေါင်း ၁,၃၀၀ ကျော် စစ်ဆေးနိုင်မည့် Cobas 6800 M PCR စက်သည် ဧပြီလ ၂၃ ရက်နေ့တွင် ရောက်မည်ဟု ခန့်မှန်းထားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲမှ ဒုညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးထံမှ သိရသည်။
လက်ရှိတွင် Covid-19 ဓာတ်ခွဲစစ်ဆေးမှုများကို ရန်ကုန်ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်း ( NHL ) တွင် လုပ်ဆောင်လျက်ရှိပြီး ဆေးသုတေသနဦးစီးဌာနတွင်ပါ ဆောင်ရွက်ရန် စီစဉ်လျက် ရှိသည်။
မန္တလေးတွင် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲခန်း ဖွင့်လှစ်နိုင်ရန်အတွက် ပြင်ဆင်မှုများ ဆောင်ရွက်နေပြီး မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ တီဘီဓာတ်ခွဲခန်း BSL 3 တွင်လည်း ထပ်မံ တိုးချဲ့ စစ်ဆေးနိုင်ရန် စီစဉ် လုပ်ဆောင်လျက် ရှိသည်။
Su Mon Oo ( Mine )
ဒေါက်တာခင်ခင်ကြီး ဖေ့ဘုတ်ခ်ပေ့ချ်
============================
Cobas 6800 M PCR စက္ ဧၿပီလ ၂၃ ရက္ေန႔ ေရာက္မည္ဟု ခန႔္မွန္း
Covid-19 ကူးစက္ခံရျခင္း ရွိမရွိကို တစ္ရက္လွ်င္ လူေပါင္း ၁,၃၀၀ ေက်ာ္ စစ္ေဆးႏိုင္မည့္ Cobas 6800 M PCR စက္သည္ ဧၿပီလ ၂၃ ရက္ေန႔တြင္ ေရာက္မည္ဟု ခန႔္မွန္းထားေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနခြဲမွ ဒုၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးထံမွ သိရသည္။
လက္ရွိတြင္ Covid-19 ဓာတ္ခြဲစစ္ေဆးမႈမ်ားကို ရန္ကုန္ျပည္သူ႔က်န္းမာေရးဓာတ္ခြဲခန္း ( NHL ) တြင္ လုပ္ေဆာင္လ်က္ရွိၿပီး ေဆးသုေတသနဦးစီးဌာနတြင္ပါ ေဆာင္႐ြက္ရန္ စီစဥ္လ်က္ ရွိသည္။
မႏၲေလးတြင္ ျပည္သူ႔က်န္းမာေရးဓာတ္ခြဲခန္း ဖြင့္လွစ္ႏိုင္ရန္အတြက္ ျပင္ဆင္မႈမ်ား ေဆာင္႐ြက္ေနၿပီး မြန္ျပည္နယ္ ေမာ္လၿမိဳင္ၿမိဳ႕ရွိ တီဘီဓာတ္ခြဲခန္း BSL 3 တြင္လည္း ထပ္မံ တိုးခ်ဲ႕ စစ္ေဆးႏိုင္ရန္ စီစဥ္ လုပ္ေဆာင္လ်က္ ရွိသည္။
Su Mon Oo ( Mine )
ေဒါက္တာခင္ခင္ႀကီး ေဖ့ဘုတ္ခ္ေပ့ခ်္