ရန်ကုန် (ပန်းဆိုးတန်း-ဒလ) ကူးတို့ ဆိပ်ကမ်း၌ ပြေးဆွဲနေသော ချယ်ရီရေယာဉ်သင်္ဘော (၃) စီးကို မေလ ၁၈ ရက်နေ့မှ စတင်ကာ နေ့စဉ် အခေါက်ရေ (၃၀) နှုန်းဖြင့် ပြေးဆွဲလျက် ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲမှ သိရသည်။
ရန်ကုန် (ပန်းဆိုးတန်း) ဆိပ်ကမ်း မန်နေဂျာ ဒေါ်ခင်ခင်နုက “ ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ခရီးသည် က ပုံမှန်မသွားသေးဘူး၊ ဒလဘက်က အသွား ၄၀၀၀ ကျော် နဲ့ ရန်ကုန်ဘက်က အပြန် ၄၀၀၀ ကျော် လောက်ပဲ သွားလာကြတယ်၊ တစ်ရက်ကို ခရီးသည်သွားလာမှုဆိုရင် (၉၀၀၀) နီးပါးလောက်ပဲ ရှိတယ်၊ အရင်တုန်းက သင်္ဘောခရီးစဉ် (၄၆)ခေါက်နှုန်းနဲ့ ပြေးဆွဲချိန်က ခရီးသည် (၃၀၀၀၀) ကျော် သွားလာမှုရှိလို့ ခရီးသည် သွားလာမှု အရမ်းနည်းပါတယ်၊ ဝန်ထမ်းအများစုနဲ့ အလုပ်သမား အများစုပဲ ကူးသန်းသွားလာမှု များကြတယ်၊ မေလ ၁၈ ရက်နေ့က စပြီးတော့ သင်္ဘောခရီးစဉ်ကို အခေါက်ရေ(၃၀)နှုန်းနဲ့ ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ် ” ဟု ပြောသည်။
လက်ရှိအချိန်၌ ရန်ကုန်(ပန်းဆိုးတန်း-ဒလ) ကူးတို့ဆိပ်ကမ်းရှိ ချယ်ရီရေယာဉ် သင်္ဘော(၃)စီးဖြင့် အလှည့်ကျ နေ့စဉ် နံနက် ၅ နာရီခွဲမှ ည ၇ နာရီခွဲ အချိန်ထိ သင်္ဘော အခေါက်ရေ (၂၄)ခေါက်နှုန်းဖြင့် အစိုးရဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများ နှင့် အနယ်နယ်အရပ်ရပ်ရှိ ခရီးသွားမိဘပြည်သူများ သွားလာမှု အဆင်ပြေစေရေးအတွက် ခရီးစဉ်များကို ပြေးဆွဲလျက်ရှိသည်။
လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး နှင့် Stay at Home ကာလ သင်္ကြန်ကာလ ဧပြီ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ သင်္ဘောခရီးစဉ်ကို (၄) ခေါက်နှုန်း မှ (၇) ခေါက်နှုန်း အထိသာ ပြေးဆွဲပြီး၊ ဧပြီလ ၂၀ ရက်နေ့ ရုံးဖွင့်ရက်မှ စတင်၍ မေလ ၁၇ ရက်နေ့အထိ သင်္ဘောခရီးစဉ်ကို (၂၄) ခေါက်နှုန်းဖြင့် ပြေးဆွဲပြီးဖြစ်ရာ၊ မေလ ၁၈ ရက်နေ့မှ စတင်ပြီး နေ့စဉ် နံနက် ၅ နာရီခွဲမှ ည ၈ နာရီအထိ အခေါက်ရေ (၃၀) နှုန်းဖြင့် ပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။
MOI
==============================
ပန္းဆိုးတန္း-ဒလ ေျပးဆြဲေနေသာ ခ်ယ္ရီသေဘၤာမ်ား အေခါက္ေရ (၃၀) ေျပးဆြဲမည္
ရန္ကုန္ (ပန္းဆိုးတန္း-ဒလ) ကူးတို႔ ဆိပ္ကမ္း၌ ေျပးဆြဲေနေသာ ခ်ယ္ရီေရယာဥ္သေဘၤာ (၃) စီးကို ေမလ ၁၈ ရက္ေန႔မွ စတင္ကာ ေန႔စဥ္ အေခါက္ေရ (၃၀) ႏႈန္းျဖင့္ ေျပးဆြဲလ်က္ ရွိေၾကာင္း ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရး ျမစ္ဝကြၽန္းေပၚဌာနခြဲမွ သိရသည္။
ရန္ကုန္ (ပန္းဆိုးတန္း) ဆိပ္ကမ္း မန္ေနဂ်ာ ေဒၚခင္ခင္ႏုက “ ကိုဗစ္-၁၉ ေရာဂါ အေျခအေနေၾကာင့္ ခရီးသည္ က ပုံမွန္မသြားေသးဘူး၊ ဒလဘက္က အသြား ၄၀၀၀ ေက်ာ္ နဲ႔ ရန္ကုန္ဘက္က အျပန္ ၄၀၀၀ ေက်ာ္ ေလာက္ပဲ သြားလာၾကတယ္၊ တစ္ရက္ကို ခရီးသည္သြားလာမႈဆိုရင္ (၉၀၀၀) နီးပါးေလာက္ပဲ ရွိတယ္၊ အရင္တုန္းက သေဘၤာခရီးစဥ္ (၄၆)ေခါက္ႏႈန္းနဲ႔ ေျပးဆြဲခ်ိန္က ခရီးသည္ (၃၀၀၀၀) ေက်ာ္ သြားလာမႈရွိလို႔ ခရီးသည္ သြားလာမႈ အရမ္းနည္းပါတယ္၊ ဝန္ထမ္းအမ်ားစုနဲ႔ အလုပ္သမား အမ်ားစုပဲ ကူးသန္းသြားလာမႈ မ်ားၾကတယ္၊ ေမလ ၁၈ ရက္ေန႔က စၿပီးေတာ့ သေဘၤာခရီးစဥ္ကို အေခါက္ေရ(၃၀)ႏႈန္းနဲ႔ ေျပးဆြဲေပးသြားမွာ ျဖစ္ပါတယ္ ” ဟု ေျပာသည္။
လက္ရွိအခ်ိန္၌ ရန္ကုန္(ပန္းဆိုးတန္း-ဒလ) ကူးတို႔ဆိပ္ကမ္းရွိ ခ်ယ္ရီေရယာဥ္ သေဘၤာ(၃)စီးျဖင့္ အလွည့္က် ေန႔စဥ္ နံနက္ ၅ နာရီခြဲမွ ည ၇ နာရီခြဲ အခ်ိန္ထိ သေဘၤာ အေခါက္ေရ (၂၄)ေခါက္ႏႈန္းျဖင့္ အစိုးရဝန္ထမ္းမ်ား၊ ကုမၸဏီဝန္ထမ္းမ်ား၊ ပုဂၢလိကဝန္ထမ္းမ်ား ႏွင့္ အနယ္နယ္အရပ္ရပ္ရွိ ခရီးသြားမိဘျပည္သူမ်ား သြားလာမႈ အဆင္ေျပေစေရးအတြက္ ခရီးစဥ္မ်ားကို ေျပးဆြဲလ်က္ရွိသည္။
လတ္တေလာ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ကိုဗစ္-၁၉ေရာဂါ ထိန္းခ်ဳပ္ေရး ႏွင့္ Stay at Home ကာလ သၾကၤန္ကာလ ဧၿပီ ၁၀ ရက္ေန႔မွ ၁၉ ရက္ေန႔အထိ သေဘၤာခရီးစဥ္ကို (၄) ေခါက္ႏႈန္း မွ (၇) ေခါက္ႏႈန္း အထိသာ ေျပးဆြဲၿပီး၊ ဧၿပီလ ၂၀ ရက္ေန႔ ႐ုံးဖြင့္ရက္မွ စတင္၍ ေမလ ၁၇ ရက္ေန႔အထိ သေဘၤာခရီးစဥ္ကို (၂၄) ေခါက္ႏႈန္းျဖင့္ ေျပးဆြဲၿပီးျဖစ္ရာ၊ ေမလ ၁၈ ရက္ေန႔မွ စတင္ၿပီး ေန႔စဥ္ နံနက္ ၅ နာရီခြဲမွ ည ၈ နာရီအထိ အေခါက္ေရ (၃၀) ႏႈန္းျဖင့္ ေျပးဆြဲေပးျခင္းျဖစ္ေၾကာင္း သိရသည္။
MOI