ရန်ကုန်မြို့တွင် COVID-19 ရောဂါကူးစက်မှုများ ပိုမိုဖြစ်ပွားလာသောကြောင့် (၂၈.၉.၂၀၂၀) မှစတင်ကာ CB Bank မှ ဘဏ်ခွဲပေါင်း (၂၄) ခုကို ယာယီရပ်ဆိုင်းထားမည်ဖြစ်သည်။ သို့သော် အဆိုပါဘဏ်ခွဲများရှိ ATM (ငွေထုတ်စက်)၊ CRM (ငွေသွင်း /ငွေထုတ်စက်) များ အပြင် အခြား နေရာများရှိ ATM /CRM စက်အားလုံးကို 24 နာရီ ဖွင့်လှစ်ပေးထားမည်ဖြစ်ပြီး CB BANK i Banking , CB Pay နှင့် CB Bank Mobile Agent များမှတဆင့်လည်း ပိတ်ရက်မရှိ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေမည်ဖြစ်ပါသည်။
ကျန်ရှိသော ဘဏ်ခွဲ (၆၄) ခုကိုလည်း ပုံမှန်အတိုင်း ဝန်ဆောင်မှုပေးသွားမည်ဟု CB Bank မှကြေညာချက်ထုတ်ပြန်ထားသည်။
ယာယီရပ်ဆိုင်းထားမည့် ဘဏ်ခွဲ (၂၄)ခုမှာ အောက်ပါအတိုင်းဖြစ်သည်။
ပုဇွန်တောင် (ရေကျော်) ဘဏ်ခွဲ
ကျောက်တံတား (ကုန်သည်လမ်း) ဘဏ်ခွဲ
ကျောက်တံတား (ဆိပ်ကမ်းသာ) ဘဏ်ခွဲ
ကျောက်တံတား (ဆူးလေဘုရား) ဘဏ်ခွဲ
ပန်းဘဲတန်း (ကုန်စျေးတန်း) ဘဏ်ခွဲ
ပန်းဘဲတန်း ( Junction City ) ဘဏ်ခွဲ
လသာ (အနော်ရထာလမ်း) ဘဏ်ခွဲ
လမ်းမတော် (ညောင််ပင်လေးစျေး) ဘဏ်ခွဲ
လမ်းမတော် (ဗိုလ်ချုပ်လမ်းနှင့် ဝါးတန်းလမ်းထောင့်) ဘဏ်ခွဲ
မင်္ဂလာတောင်ညွှန့်ဘဏ်ခွဲ ( ဒေါ်သိန်းတင်) ဘဏ်ခွဲ
ကမာရွတ် ( ဆင်မလိုက်) ဘဏ်ခွဲ
ကမာရွတ် (လှည်းတန်းစင်တာ) ဘဏ်ခွဲ
ကြည့်မြင်တိုင် (သရက်တောလမ်း) ဘဏ်ခွဲ
ရွှေဂုံတိုင် (ရေတာရှည်လမ်း) ဘဏ်ခွဲ
ဒဂုံ (ရွှေတိဂုံဘုရားလမ်း) ဘဏ်ခွဲ
သင်္ဃန်းကျွန်း (ဝေဇယန္တာလမ်း) ဘဏ်ခွဲ
သာကေတ (မြင်တော်သာလမ်း) ဘဏ်ခွဲ
တာမွေ (သြဘာလမ်း) ဘဏ်ခွဲ
တာမွေ (အရှေ့မြင်းပြိုင်လမ်း) ဘဏ်ခွဲ
တောင်ဥက္ကလာ ( မြင်သာ) ဘဏ်ခွဲ
မြောက်ဥက္ကလာ ( ၆ကွေ့) ဘဏ်ခွဲ
မြောက်ဥက္ကလာ (သုဓမ္မာလမ်း) ဘဏ်ခွဲ
မြောက်ဒဂုံ ( ပြည်ထောင်စုလမ်း) ဘဏ်ခွဲ
ဘုရင့်နောင် ( ကျန်စစ်သားလမ်း) ဘဏ်ခွဲ
By Aung Myo Hein