သင့်အမည်ပေါက်နဲ့ အခွန်ဆောင်ထားတဲ့ ကားကို ရောင်းပြီး အသစ်ပြန်ဝယ်တဲ့အခါ အခွန်ထပ်မဆောင်ရအောင် သိထားသင့်တဲ့ အချက်လေးတွေကို ဖော်ပြလိုက်ပါတယ်။
၁။ ကားပြန်ရောင်းတာနဲ့ အခွန်ရုံးကို သတင်းပို့ဖို့ ပြင်ပါ။
၂။ အခွန်စိမ်းကို ဝယ်သူကို မပေးလိုက်ပါနဲ့။ ( အခွန်ရုံးကိုပြရမှာမို့ )
၃။ စာချုပ်ချုပ်ထားပါ။ ( အခွန်ရုံးကိုပြရမှာမို့ )
၄။ ကားအုံနာဘုတ်နဲ့ စာရွက်စာတမ်းတွေကို မိတ္တူ ၃ စုံ ကူးထားပါ။ ( အခွန်ရုံးကိုပြရမှာမို့ )
၅။ ကားဓာတ်ပုံရှေ့နောက်ဝဲ ဓာတ်ပုံရိုက်ထားပြီး ထုတ်ထားပါ။ ( အခွန်ရုံးကိုပြရမှာမို့ )
၆။ အားလုံးစုံလျှင် အခွန်ရုံးသွားပြီး ကားရောင်းချပြီးကြောင်း တင်ပြပါ။ အခွန်ရုံးမှ ဝင (၈) အခွန်လွတ်စာရွက် ထုတ်ပေးပါလိမ့်မယ်။
၇။ နောက်ကားတစ်စီးဝယ်လျှင် အခွန်ရုံးမှ ထုတ်ထားသော ဝင (၈) အားပြလိုက်လျှင် အခွန်မပေးဆောင်ရတော့ဘဲ၊ မိမိအမည်သို့ အလွယ်တကူ ပြောင်းလို့ရပါမည်။
၈။ ကားစျေးအတက်အကျကြောင့် တန်ဘိုးဖြတ်နှုန်းထား တိုးလာလျှင် မြတ်စွန်းခဲ့ပါက အမြတ်ခွန်ပေးဆောင်ရပါမည်။
၉။ ငွေဖြူထုတ်ရာတွင် အဆင်မပြေမှု့၊ ခက်ခဲမှုရှိပါက ပြည်တွင်းအခွန် (ရုံးချုပ်) နေပြည်တော်သို့ တိုက်ရိုက်တိုင်ကြားပါ။
၁၀။ ပြီးခဲ့တဲ့နှစ်က သိန်းတစ်ရာတန်ကားကို (၃)သိန်းနဲ့ အခွန်ဆောင်ထားတဲ့သူတွေ ကားရောင်းပြီးရင် အထက်ပါ အချက်တွေလုပ်ဖို့ မမေ့ကြပါနဲ့။
ဒါမှ နောက်ထပ် သိန်းတစ်ရာတန် ကားဝယ်မိလို့ မိမိအမည် ပြောင်းချိန်မှာ အခွန် (၁၅)သိန်း မဆောင်ရမှာ ဖြစ်ပါတယ်။
Kyaw Mt
==============================
သင့္အမည္ေပါက္ အခြန္ေဆာင္ထားသည့္ကား ေရာင္းၿပီး အသစ္ျပန္ဝယ္မည္ဆိုလွ်င္
သင့္အမည္ေပါက္နဲ႔ အခြန္ေဆာင္ထားတဲ့ ကားကို ေရာင္းၿပီး အသစ္ျပန္ဝယ္တဲ့အခါ အခြန္ထပ္မေဆာင္ရေအာင္ သိထားသင့္တဲ့ အခ်က္ေလးေတြကို ေဖာ္ျပလိုက္ပါတယ္။
၁။ ကားျပန္ေရာင္းတာနဲ႔ အခြန္႐ုံးကို သတင္းပို႔ဖို႔ ျပင္ပါ။
၂။ အခြန္စိမ္းကို ဝယ္သူကို မေပးလိုက္ပါနဲ႔။ ( အခြန္႐ုံးကိုျပရမွာမို႔ )
၃။ စာခ်ဳပ္ခ်ဳပ္ထားပါ။ ( အခြန္႐ုံးကိုျပရမွာမို႔ )
၄။ ကားအုံနာဘုတ္နဲ႔ စာ႐ြက္စာတမ္းေတြကို မိတၱဴ ၃ စုံ ကူးထားပါ။ ( အခြန္႐ုံးကိုျပရမွာမို႔ )
၅။ ကားဓာတ္ပုံေရွ႕ေနာက္ဝဲ ဓာတ္ပုံ႐ိုက္ထားၿပီး ထုတ္ထားပါ။ ( အခြန္႐ုံးကိုျပရမွာမို႔ )
၆။ အားလုံးစုံလွ်င္ အခြန္႐ုံးသြားၿပီး ကားေရာင္းခ်ၿပီးေၾကာင္း တင္ျပပါ။ အခြန္႐ုံးမွ ဝင (၈) အခြန္လြတ္စာ႐ြက္ ထုတ္ေပးပါလိမ့္မယ္။
၇။ ေနာက္ကားတစ္စီးဝယ္လွ်င္ အခြန္႐ုံးမွ ထုတ္ထားေသာ ဝင (၈) အားျပလိုက္လွ်င္ အခြန္မေပးေဆာင္ရေတာ့ဘဲ၊ မိမိအမည္သို႔ အလြယ္တကူ ေျပာင္းလို႔ရပါမည္။
၈။ ကားေစ်းအတက္အက်ေၾကာင့္ တန္ဘိုးျဖတ္ႏႈန္းထား တိုးလာလွ်င္ ျမတ္စြန္းခဲ့ပါက အျမတ္ခြန္ေပးေဆာင္ရပါမည္။
၉။ ေငြျဖဴထုတ္ရာတြင္ အဆင္မေျပမႈ႕၊ ခက္ခဲမႈရွိပါက ျပည္တြင္းအခြန္ (႐ုံးခ်ဳပ္) ေနျပည္ေတာ္သို႔ တိုက္႐ိုက္တိုင္ၾကားပါ။
၁၀။ ၿပီးခဲ့တဲ့ႏွစ္က သိန္းတစ္ရာတန္ကားကို (၃)သိန္းနဲ႔ အခြန္ေဆာင္ထားတဲ့သူေတြ ကားေရာင္းၿပီးရင္ အထက္ပါ အခ်က္ေတြလုပ္ဖို႔ မေမ့ၾကပါနဲ႔။
ဒါမွ ေနာက္ထပ္ သိန္းတစ္ရာတန္ ကားဝယ္မိလို႔ မိမိအမည္ ေျပာင္းခ်ိန္မွာ အခြန္ (၁၅)သိန္း မေဆာင္ရမွာ ျဖစ္ပါတယ္။
Kyaw Mt