Yangon Trend

ရန်ကုန်မြို့၏ အကြီးဆုံးနှင့် အရှည်ဆုံး လေးလမ်းဆုံ လူကူးခုံးကျော်တံတား

Read 14728 times

ရန်ကုန်မြို့တော်၏ အကြီးဆုံးလူကူးခုံးကျော်တံတားဖြစ်သည့် အလျား ၅၂၆ ပေ၊ အနံ ၁၁ ပေ ရှည်လျားသော နာနတ်တောလမ်း၊ ဘုရင့်နောင်လမ်း၊ လှည်းတန်းလမ်းနှင့် အောက်ကြည့်မြင်တိုင်လမ်း လေးလမ်းဆုံ လူကူးခုံးကျော်တံတားကို ၂၀၂၀ ခုနှစ်၊ လွတ်လပ်ရေးနေ့တွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါတံတားကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ငွေကျပ် သန်း ၂,ဝဝဝ အကုန်အကျခံကာ တာဝန်ယူ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၂ဝ၁၉ ခုနှစ် မတ် ၂၃ ရက်က စတင်ပန္နက်ရိုက်၍ လုပ်ငန်းစတင်ခဲ့ပြီး ၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်တွင် တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးခဲ့သည်။ 

ယင်းလူကူးခုံးကျော်တံတားသည် ကမာရွတ်မြို့နယ် နာနတ်တောလမ်း၊ ဘုရင့်နောင်လမ်း၊ လှည်းတန်းလမ်းနှင့် အောက်ကြည့်မြင်တိုင်လမ်း (ကမ်းနားလမ်း) တို့ဆုံရာ၌ စတုဂံပုံခုံးကျော်တံတားအဖြစ် တည်ဆောက်ထားခြင်း ဖြစ်သည်။ တံတားပေါ်၌ ၂၄ နာရီလုံခြုံရေးအတွက် CCTV ကင်မရာ ၂၄ လုံးတပ်ဆင်ထားသည်။

သံမဏိသံပေါင်ရက်မ အမျိုးအစားကို အသုံးပြုထားသည့်အပြင် ထိုတံတားတွင် ရိုးရိုးလှေကားလေးစင်း ပါဝင်ပြီး တံတားပေါ်သို့တက်သည့် စက်လှေကားသုံးစင်းလည်း ပါဝင်ပြီး လူသွားလမ်းအကျယ် ၉ ပေ ၄ လက်မ၊ တံတားကြမ်းခင်းအကျယ် ၁၁ ပေ၊ တံတားကင်းလွတ်အမြင့် ၁၈ ပေနှင့် တံတားရက်မ ငါးခုပါဝင်သည်။

လက်ရှိ ရန်ကုန်မြို့တွင် လူကူးခုံးကျော်တံတား (၁၄) ခု ရှိပြီး အဆိုပါတံတားပြီးလျှင် ဆူးလေလူကူးခုံးကျော်တံတားသည် ဒုတိယအကြီးဆုံးဖြစ်ကာ အလျား ၃၂၄ ပေ၊ အနံ ၇ ပေ ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ စာရင်းများအရ သိရသည်။

==============================

ရန္ကုန္ၿမိဳ႕၏ အႀကီးဆုံးနဲ႔ အရွည္ဆုံး ေလးလမ္းဆုံ လူကူးခုံးေက်ာ္တံတား

ရန္ကုန္ၿမိဳ႕ေတာ္၏ အႀကီးဆုံးလူကူးခုံးေက်ာ္တံတားျဖစ္သည့္ အလ်ား ၅၂၆ ေပ၊ အနံ ၁၁ ေပ ရွည္လ်ားေသာ နာနတ္ေတာလမ္း၊ ဘုရင့္ေနာင္လမ္း၊ လွည္းတန္းလမ္းႏွင့္ ေအာက္ၾကည့္ျမင္တိုင္လမ္း ေလးလမ္းဆုံ လူကူးခုံးေက်ာ္တံတားကို ၂၀၂၀ ခုႏွစ္၊ လြတ္လပ္ေရးေန႔တြင္ ဖြင့္လွစ္ခဲ့သည္။

အဆိုပါတံတားကို ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီမွ ေငြက်ပ္ သန္း ၂,ဝဝဝ အကုန္အက်ခံကာ တာဝန္ယူ တည္ေဆာက္ခဲ့ျခင္း ျဖစ္သည္။ ၂ဝ၁၉ ခုႏွစ္ မတ္ ၂၃ ရက္က စတင္ပႏၷက္႐ိုက္၍ လုပ္ငန္းစတင္ခဲ့ၿပီး ၂ဝ၂ဝ ျပည့္ႏွစ္ ဇန္နဝါရီ ၃၁ ရက္တြင္ တည္ေဆာက္ေရးလုပ္ငန္းမ်ား ရာႏႈန္းျပည့္ ၿပီးစီးခဲ့သည္။ 

ယင္းလူကူးခုံးေက်ာ္တံတားသည္ ကမာ႐ြတ္ၿမိဳ႕နယ္ နာနတ္ေတာလမ္း၊ ဘုရင့္ေနာင္လမ္း၊ လွည္းတန္းလမ္းႏွင့္ ေအာက္ၾကည့္ျမင္တိုင္လမ္း (ကမ္းနားလမ္း) တို႔ဆုံရာ၌ စတုဂံပုံခုံးေက်ာ္တံတားအျဖစ္ တည္ေဆာက္ထားျခင္း ျဖစ္သည္။ တံတားေပၚ၌ ၂၄ နာရီလုံၿခဳံေရးအတြက္ CCTV ကင္မရာ ၂၄ လုံးတပ္ဆင္ထားသည္။

သံမဏိသံေပါင္ရက္မ အမ်ိဳးအစားကို အသုံးျပဳထားသည့္အျပင္ ထိုတံတားတြင္ ႐ိုး႐ိုးေလွကားေလးစင္း ပါဝင္ၿပီး တံတားေပၚသို႔တက္သည့္ စက္ေလွကားသုံးစင္းလည္း ပါဝင္ၿပီး လူသြားလမ္းအက်ယ္ ၉ ေပ ၄ လက္မ၊ တံတားၾကမ္းခင္းအက်ယ္ ၁၁ ေပ၊ တံတားကင္းလြတ္အျမင့္ ၁၈ ေပႏွင့္ တံတားရက္မ ငါးခုပါဝင္သည္။

လက္ရွိ ရန္ကုန္ၿမိဳ႕တြင္ လူကူးခုံးေက်ာ္တံတား (၁၄) ခု ရွိၿပီး အဆိုပါတံတားၿပီးလွ်င္ ဆူးေလလူကူးခုံးေက်ာ္တံတားသည္ ဒုတိယအႀကီးဆုံးျဖစ္ကာ အလ်ား ၃၂၄ ေပ၊ အနံ ၇ ေပ ရွိေၾကာင္း ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၏ စာရင္းမ်ားအရ သိရသည္။
 

Bookmark